အခန်း(17)

3.6K 304 60
                                    

သတို့သား​လောင်းလို့ ​ပြောလိုက်​တဲ့အချိန်​မှာ အံ့​အော်​တကြီး ကြည့်​လာတဲ့ မာန်​​လေးရဲ့ မျက်​ဝန်း​တွေ​ကြောင့်​ moonအလန့်​တကြားနဲ့ အမြန်​ ရှင်းပြလိုက်​မိတယ်

"မဟုတ်​ဘူး​နော်​ ​မောင်​ သူနဲ့ ကိုယ်​နဲ့ ဘာမှမဆိုင်​ဘူး မိဘ​တွေက ငယ်​ငယ်​တုန်းက သ​ဘောတူထားတာ ဘာမှ​စေ့စပ်​ထားတာမဟုတ်​ဘူး"

"အဲဒါဆို ​မွှေး သူလိုက်​ပို့လိုက်​မယ်​ သူလည်းအတန်းသိပါတယ်​"

"အို​ကေ မဟာ ပြီးမှ​တွေ့ကြမယ်​​နော်​"

"​မောင်​"

တစက်​မှလှည့်​မကြည့်​ပဲထွက်​သွားတဲ့ မာန်​​လေး​ကြောင့်​ moon မာန်​ကိုသာ ကြည့်​​နေလိုက်​မိတယ်

"လာ လိုက်​ခဲ့"

"မလိုက်​ဘူး ငါအတန်းသွားမလို့​လေ"

"လာ"

တတိုင်း​မွှေးကို building 2 ​ရှေ့က လူရှင်း​တဲ့ အုတ်​ခုံ​လေးနား​အတင်း လက်​ကဆွဲပြီး​ခေါ်လာလိုက်​တယ်​ building2က စာသင်​​ဆောင်​​တွေလည်း မရှိပဲ ​ကျောင်းသား​ရေးရာ နဲ့ စာကြည့်​တိုက်​ပဲ ရှိတာ​ကြောင့်​ လူ​တော်​​တော်​ရှင်းတယ်​ ​ပြောရမယ်

"တတိုင်း​မွှေး နင်​ဘာလာရှုပ်​တာလဲ ငါရှင်းရှင်း​ပြောပြီးသား ငါမိန်းက​လေး​တွေကိုမကြိုက်​ဘူး"

"နင်​​ယောက်​ကျား​လေး​တွေကိုလည်းတကယ်​မကြိုက်​ပါဘူး အဲဒါကိုလည်းငါသိထားတယ်​"

"နင်​ ​ကောင်​​လေး​တွေနဲ့တွဲ​နေပင်​မယ့်​ နင် သူတို့ကို နမ်းဖို့မ​ပြောနဲ့ လက်​​တောင်​မကိုင်​ဖူးဘူး နင်​က ​ကောင်​​လေး​တွေကို အရုပ်​​လေး​တွေလိုပဲကြည့်​​နေတာ ငါသိတာ​ပေါ့"

"​အေး ဟုတ်​တယ်​ ငါ ​ယောက်​ကျား​လေး​တွေမကြိုက်​ဘူး အဲလိုပဲ မိန်းက​လေး​တွေကိုလည်း မကြိုက်​ဘူး ငါကြိုက်​တာ ငါချစ်​တာ မာန်​​လေး တ​ယောက်​ပဲရှိတယ်​ ငါတွဲခဲ့တဲ့ ​ကောင်​​လေး​တွေအကုန်​လုံးက မာန်​​လေးနဲ့ တူတဲ့ ပါးချိုင့်​​လေး​တွေရှိလို့ မာန်​​လေးနဲ့ တူတဲ့ အသားဖြူဖြူ​လေး​တွေရှိလို့ ငါ့နား​ခေါ်ထားတာ"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now