အခန်း(34)

3.4K 298 17
                                    

လပြည့်​​နေ့ galaxyနိုင်​ငံရဲ့ အိမ်​​ရှေ့စံမင်းသားရဲ့ ထိမ်းမြား လက်​ထပ်​ပွဲကျင်းပမယ့်​​နေ့ တနည်းအားဖြင့်​ အိမ်​​ရှေ့စံမင်းသား​လေးရဲ့ ထီးနန်းဆက်​ခံမယ့်​​နေ့ ဖြစ်​တာ​ကြောင့်​ နိုင်​ငံတဝှမ်းလုံးက လူ​တွေက အရမ်းကို ​ပျော်​ရွှင်​​နေကြတယ်​ တနိုင်​ငံလုံး လှလှပပ ဝတ်​စားပြီး လမ်း​တွေ​ပေါ်မှာလည်း အလှူအတန်း​တွေ ပြုလုပ်​ပြီး အိမ်​​ရှေ့စံရဲ့ လက်​ထပ်​ပွဲကို ဂုဏ်​ပြု​နေကြ​တော့တယ်

နန်း​တော်​အတွင်းမှာလဲ မင်္ဂလာပွဲအတွက်​ ပါတ်​ဝန်းကျင်​နိုင်​ငံ​တွေက သံတမာန်​​တွေ​ရော အမတ်​​တွေ​ရော မျိုးနွယ်​စု ​ခေါင်း​ဆောင်​ ​တွေပါ တက်​​ရောက်​တာ​ကြောင့်​ စည်းကား​နေ​တော့တယ်

မာန်​ ဒီ​နေ့အရမ်း​ပျော်​ပြီး စိတ်​လှုပ်​ရှား​နေမိတယ်​ ဒီ​နေ့ သူချစ်​ရတဲ့ တစ်​ဦးတည်း​သော ချစ်​သူ​လေးကို သူတရားဝင်​ပိုင်​ဆိုင်​ရ​တော့မယ်​​လေ အမြဲတမ်းတည်​တင်း​နေတဲ့ အိမ်​​ရှေ့စံမင်းသား​လေးက ဒီ​နေ့မှာ​တော့ မျက်​နှာတခုလုံး အပြုံး​တွေပြည့်​​နေတာ​ကြောင့်​ နန်းတွင်းသူ​တွေပါ ခိုးခိုးကြည့်​​နေကြပင်​မယ့်​ အိမ်​​ရှေ့စံက​တော့ သူ့အ​တွေးနဲ့ သူ သာယာ​နေတာ​ကြောင့်​ သတိ​တောင်​ မထားမိဘူး​လေ

"အိမ်​​ရှေ့စံ ကြင်​ယာ​တော်​ကို သွား​ရောက်​​ခေါ်​ဆောင်​ရပါမယ်​"

"​ကောင်းပြီ ​မောင်​မင်း​ရှေ့က လမ်းပြ"

အိမ်​​ရှေ့စံရဲ့ ကြင်​ယာ​တော်​အ​ဆောင်​ကိုသွားတဲ့ လမ်းတ​လျှောက်​ ပန်း​တွေနဲ့အလှဆင်​ထားပြီး အနီ​ရောင်​ ​ကော​ဇော်​​ပေါ်မှာလည်း ပန်းခင်းလမ်းကို ပြင်​ဆင်​ထား​တော့တယ်

နန်းတွင်းသူ16​ယောက်​ကလဲ ​ရှေ့က​နေ ပန်းကျဲသွားတာ​ကြောင့်​ တ​လောကလုံး ​မွှေးပျံ​နေ​တော့တယ်​ မာန်​ moon​လေးရဲ့ နန်း​ဆောင်​​ရောက်​​တော့ မာန်​နဲ့ ပုံစံတူ အနီ​ရောင်​ သတို့သားဝတ်​စုံ​လေးနဲ့ moon​လေးက ထိုင်​​နေ​တော့တယ်​ မာန်​ရဲ့ သတို့သားဝတ်​စုံမှာ မီးခိုးနဲ့ ​ရွှေ​ရောစပ်​ထားတဲ့ wolfပုံစံ ထိုးထားပြီး​တော့ moon​လေးရဲ့ ဝတ်​စုံမှာ​တော့ အဖြူ​ရောင်​ wolfပုံ​လေးက ​နေရာယူထားတယ်​​လေ အသားဖြူဖြူဝင်းဝင်း​လေးမှာ အနီ​ရောင်​ဝတ်​စုံ​လေးရယ်​ ​ခေါင်း​ပေါ်မှာ ​ရွှေ​ရောင်​ သရဖူ​လေးနဲ့ moon​လေးက မာန်​မျက်​လုံးထဲမှာ​တော့ အလှဆုံး သတို့သား​လေး တစ်​​ယောက်​ဖြစ်​​နေ​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now