အခန်း(5)

5.3K 401 3
                                    

"ကိုကို နွယ်​​လေး ကို ​ကျောင်းလိုက်​ပို့မှာလား"

ရံရံကို ဟိုတ​နေ့က ​ကျောင်းအတွက်​လိုအပ်​တာ​တွေ လိုက်​ဝယ်​​ပေးပြီး ဒီ​နေ့ Royal ​ကျောင်းမှာ မာန်​ကိုယ်​တိုင်​ လိုက်​အပ်​ရင်း နွယ်​​လေး ​ကျောင်းကို တခါတည်းလိုက်​ပို့​ပေးလို့ လုပ်​လိုက်​တယ်​ နွယ်​​လေးက ခုတ​လော နည်းနည်း ထူးဆန်း​နေသလိုပဲ မာန်​ ​ကျောင်းလိုက်​ပို့တာကိုပဲ မကြိုက်​သလို သတိထား​နေသလိုပဲ

"အင်း​လေ ရံရံကို ​ကျောင်းအပ်​ရင်း ကိုကိုတခါတည်းလိုက်​ပို့မယ်​​လေ ဘာဖြစ်​လို့လဲ နွယ်​​လေး"

"ဘာမှဖြစ်​ပါဘူး ​မေးကြည့်​တာ​လေ မြန်​မြန်​လုပ်​ ကိုကိုလည်း​ကျောင်းသွားရအုံးမှာ​လေ"

"သားသား"

"​ဖေ"

"ရံရံကိုပဲ လိုက်​ပို့လိုက်​​လေ ​ဖေ နဲ့ သား daddy companyသွားရင်း မီးငယ်​ကို ဝင်​ပို့လိုက်​မယ်​​လေ"

"​ဖေတို့ သပ်​သပ်​ကြီးဖြစ်​​နေမှာစိုးလို့"

"ရပါတယ်​ သားသား ဘာသာ ရံရံကိစ္စလုပ်​​ပေးလိုက်​"

"ဟုတ်​ကဲ့ ​ဖေ ရံရံသွားမယ်​"

"ဟုတ်​ကဲ့ ကိုကို ရံရံလာပြီ"

"အဲဒါ ဘာ​တွေ ဝတ်​လာတာလဲ မင်း​ကျောင်းသွားအပ်​မှာလား အလှပြသွားမှာလား"

ရံရံ ကိုကို့အ​ပြော​ကြောင့်​ ကိုယ့်​ဘာသာ ငုံ့ကြည့်​လိုက်​မိတယ်​ ရံရံဘာများမှားလို့လဲမသိဘူး ရံရံဝတ်​ထားတာ အ​ပေါ်က တီရှပ်​လက်​တို​လေးကို ဂျင်း​ဘောင်​ဘီ အတို​လေးနဲ့ တွဲဝတ်​ထားတာ​လေ ဘယ်​​နေရာများလှ​နေလိုပါလိမ့်

"သွား​ ​ဘောင်းဘီကို စတိုင်​pantအရှည်​နဲ့ လဲခဲ့ တိုကတို​သေး ကျပ်​ကလည်း ကျပ်​​နေ​သေးတယ်​ အင်္ကျီလက်​ရှည်​ဝတ်​ခဲ့ အပြင်​မှာ ရာသီဥတုအဲ​လောက်​ပူ​နေတာကို"

"ကားနဲ့သွားတာကို ရံရံ မပူပါဘူး"

"​ပြောရင်​​ပြောတဲ့အတိုင်းနား​ထောင်​ရံရံ ကိုကို စကားအပို​ပြောရတာမကြိုက်​ဘူး"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now