အခန်း(33)

3.6K 286 13
                                    

လပြည့်​ည

Galaxyတိုင်းပြည်​ရဲ့ လနတ်​သမီးရဲ့ လစွမ်းအင်​ခံယူတဲ့ပွဲ ကျင်းပရာ​နေရာတွင်​ လူ​တွေပြည့်​ကျက်​​နေ​တော့တယ်​ ဒီ​နေ့က galaxyတိုင်းပြည်​ရဲ့ အိမ်​​ရှေ့စံနဲ့ ကြင်​ယာ​တော်​​လောင်း moon က လနတ်​သမီးချီးမြင့်​ထားတဲ့ blood bondပိုင်​ရှင်​​တွေဖြစ်​​ကြောင်း သက်​​သေပြမယ့်​​နေ့ ဖြစ်​တာ​ကြောင့်​ လူတိုင်းက စိတ်​ဝင်​စား​နေကြတယ်​ blood bondပိုင်​ရှင်​​တွေရှိတဲ့ တိုင်းပြည်​က အရမ်းကို သာယာဝ​ပြောပြီး blood bondပိုင်​ရှင်​နှစ်​​ယောက်​ကလဲ လနတ်​သမီးကိုယ်​တိုင်​ချီးမြင့်​ထားတဲ့ စွမ်းအင်​​တွေကို ပိုင်​ဆိုင်​ထားကြတယ်​​လေ

ဒါ​ကြောင့်​လည်း ဒီ​နေ့ မင်းကြီးရဲ့ အထူးခွင့်​ပြုချက်​နဲ့ တိုင်းသူပြည်​သား​တွေပါ နန်းတွင်းထဲဝင်​ပြီး အိမ်​​ရှေ့စံရဲ့ စမ်းသက်​ချက်​ကို ကြည့်​ရှူခွင့်​ရကြတာ​ပေါ့

လမင်းရဲ့ အားအ​ကောင်းချိန်​ဖြစ်​တဲ့ ည12နာရီမထိုးခင်​မှာ မာန်​ moonရဲ့ လက်​​လေးကိုဆွဲပြီး ပွဲကျင်းပရာ စင်​မြင့်​အလယ်​တည့်​တည့်​ကို ​လျှောက်​လာလိုက်​​တော့တယ်​ အဖြူ​ရောင်​ဝတ်​စုံ​လေးနဲ့ moon က လ​ရောင်​​အောက်​မှာ အရမ်းကို လှပ​နေ​တော့တယ်

တိုင်းပြည်​ရဲ့နတ်​ဆရာမက လနတ်​သမီးကိုပူ​ဇော်​ထားတဲ့ စင်​မြင့်​​ရှေ့မှာရပ်​ပြီး မာန်​တို့နှစ်​​ယောက်​ကိုရပ်​​စောင့်​​နေတာ​ကြောင့်​ မာန်​တို့ နတ်​ဆရာမ​ရှေ့ ရပ်​လိုက်​​တော့တယ်

"အိမ်​​ရှေ့စံနဲ့ ကြင်​ယာ​တော်​​လောင်း ​သေ​သေချာချာ ​လေးစဉ်းစားပါ နှလုံး​သွေးကို ​ဖောက်​တာက ​သေဆုံးတတ်​ပါတယ်​ blood bondသာ တကယ်​ဖြစ်​ခဲ့ရင်​ အန္တရာယ်​မရှိပင်​မယ့်​ မဟုတ်​ခဲ့ရင်​"

"အစစ်​အမှန်​မလို့ နတ်​ဆရာမ မစိုးရိမ်​ပါနဲ့ စလိုက်​ကြရ​အောင်​"

နတ်​ဆရာမလည်း ဘာမှမ​ပြော​တော့ပဲ ​ရွှေ​ရောင်​ စူးချွန်​နှစ်​ခုနဲ့ ​ရေထည့်​ထားတဲ့ ​ရွှေ​ရောက်​ ခွက်​​လေးကို မာန်​တို့နှစ်​​ယောက်​ ​ရှေ့လာချ​ပေးလိုက်​​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now