အခန်း(6)

4.9K 405 3
                                    

နွယ်​​လေးကို မာန်​ လုံးဝမထင်​ထားတဲ့ ပုံစံမျိုးနဲ့ ​တွေ့လိုက်​ရတယ်​ အိမ်​ကလူ​တွေကလွဲရင်​ ဘယ်​​ယောက်​ကျား​လေးကိုမှ အကပ်​မခံထားတဲ့ နွယ်​​လေးက ​ကောင်​​လေးတ​ယောက်​ လက်​ကို ဆုပ်​ကိုင်​ထားပြီး ရီရီ​မော​မောနဲ့ စကား​ပြော​နေတဲ့ အပြင်​ အဲ​ကောင်​​လေးကလည်း နွယ်​​လေးရဲ့မျက်​နှာ​ပေါ်မှာ ကျ​နေတဲ့ ဆံပင်​​တွေကို သပ်​တင်​​ပေး​နေ​သေးတယ်

"ကိုကို"

မာန်​ကိုမြင်​လိုက်​တဲ့ နွယ်​​လေးက အလန့်​တကြား သူဆုပ်​ကိုင်​ထားတဲ့ ​ကောင်​​လေးရဲ့ လက်​ကို လွတ်​လိုက်​ပြီး မာန်​ကို ​နေရာမှာတင်​ ​ငေးကြည့်​​နေ​တော့တယ်

ကိုကို့ အသံကြောင့် နွယ် ကိုင်ထားတဲ့ နွယ့်ချစ်သူ တိမ်ယံနွယ် ရဲ့ လက်ကိုလွှတ်ပြီး ကိုကို့  ကို အထိတ်တလန့် ကြည့်လိုက်မိတယ် ကိုကို မျက်နှာက နွယ့်တို့ကိုကြည့်ပြီး မယုံနိုင်သလို အကြည့်တွေကြောင့် နွယ် ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားလိုက်ရတယ် ကိုကိုမျက်နှာက ရဲတက်လာပြီး နွယ့်ဆီ တဖြည်းဖြည်းလျှောက်လာကာ နွယ့်လက်ကို ဆုပ်ကိုင်လိုက်ပြီး

"ဒါဘယ်သူလဲ နွယ်လေး နွယ်လေးနဲ့ ဘာပက်လဲ"

"တာင်းပန်ပါတယ် ကိုကို ဒါနွယ်လေး ချစ်ရသူ တိမ်ယံနွယ်ပါ"

"ချစ်​သူ ဟုတ်​လား နွယ်​​လေး"

"ဘယ်​တုန်းက ချစ်​သူရသွားတာလဲ နွယ်​​လေး အသက်​ဘယ်​​လောက်​ရှိ​သေးလို့လဲ ဟာ ကွာ ​တော်​ပြီ လာအိမ်ပြန်မယ် လိုက်ခဲ့ မင်းတို့နှစ်ယောက် နဲ့ ပြီးမှရှင်းမယ်"

"သူဇာတို့နဲ့ ဘာမှမဆိုင်ပါဘူးကိုကို သူတို့က နွယ်လေးမပြောခိုင်းလို့ပါ"

"နွယ်​"

"ကို ​နောက်​မှ နွယ်​တို့​ပြောရ​အောင်​ ခုချိန်​​တော့ နွယ်​ ကိုကိုနဲ့ ပြန်​လိုက်​သွား​တော့မယ်​"

နွယ်​​ပြောလိုက်​တာနဲ့ ကို ကဘာမှမ​ပြောပဲ နွယ်​ထွက်​သွားတာကို ​ငေးကြည့်​​နေ​တော့တယ်​ အဲလို အရာရာ နွယ်​ကို​လျော့​ပေးတတ်​တဲ့ ကိုရဲ့ အဲစိတ်​​လေး​ကြောင့်​ နွယ်​ ကတိမ်​ယံနွယ်​ ဆိုတဲ့ ကို့ကို ​ရွေးချယ်​စရာ​တွေ အများကြီးထဲ နွယ့်​ချစ်​သူအဖြစ်​​ရွေးချယ်​ခဲ့တာ

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now