"ချွင်"

"ဟူး ဟူး……"

"ကြောက်စရာကြီး ဇုရယ်"
"မကြောက်ပါနဲ့ကွယ် မဏိစလယ်လူတွေက
မှ သိပ်ကြောက်စရာကောင်းတာပါ၊ အခုချိန်
သာဆို အိုင်းတို့တောင် အရွယ်အတော်ရောက်
လောက်ပြီ"

"ဟင် ဇုက စလယ်ရီမက်တဲ့
အိပ်မက်ကို သိနေတယ်"

    ပြူးကျယ်သော မျက်ဝန်းဖြင့် မေးလာတော့
အိုင်းထက် လှလွန်းနေသော စလယ်ရီကို ရင်ခုန်
မိသော်လည်း သူမက ကိုယ့် အရှင်သခင်မမို့ချစ်
သော စိတ်အစဉ်ကို ဖြေဖျောက်သိုဝှက်မိလိုက်လေ
သည်။

      " ဇု "
"ဟင် ဟာ ဟာ အဟင်း"
"မေးနေတယ်လေ"
"အော် အဟင်း ဒီလိုပါ ဇုက
အိပ်မက်တွေထဲ ဝင်လို့ရတာမို့ပါ"

"အို……"
"စိတ်မပူပါနဲ့ အိပ်မက်နတ်ဘုရားက
သင့်တော်သော အိပ်မက်ဖြစ်လေမှ
ဇုကို ဝင်ခွင့်ပြုတာပါ"

"အော်……ဒါနဲ့လေ၊ ဇုလို လူကနေ
အကောင်တွေ ပြောင်းသွားတဲ့သူတွေကို
စလယ်ရီ အိပ်မက် မက်မိတယ် သလား"

  "အွန်း"
"ကောင်မလေး တစ်ယောက်ကိုကော
အဲ့တာ ဘယ်သူတွေလဲ ရှင်းပြပါ့လားဟင်"

" အင်း သူမနာမည်က အိုင်းတဲ့ မဏိနန်းတော်
ရဲ့ အရှင်သခင်မလေးပါ၊ သူမက အမည်မခံတဲ့
နန်းဆောင်ရှင် သခင်မလေးပါ သိပ်ကို စွမ်းလွန်း
တယ် ၊  ရုပ်ပြောင်းရုပ်လွှဲ၊ မာဂဓစကား ကိုယ်ခံ
ပညာ အစုံအလင်ပဲ၊ နောက်ဆုံး လေကို စေလိုရာ
စေနိုင်သလို တိမ်ညွှန့်ကို စီးနိုင်စွမ်း ရှိသူပါ"

"အို သူမက သိပ်ကို အစွမ်းထက်လွန်းတာပဲ"
"ဒါပေမယ့် တစ်ခုတော့ ရှိတယ် စလယ်ရီ"
"ဘာလဲ ဟင်"

"ပင်လယ်ငိုရင်တော့ အဲ့ဒီညမှာ အိုင်းတို့
တောင် စလယ်ရီကို ကယ်နိုင်တော့မှာ မ
ဟုတ်ဘူး စလယ်ရီ ပျောက်ကွယ်သွားလိမ့်
မယ် "

"အို ဒါဆိုရင်"
"ဒီလောက်ပဲ သိထားပါ စလယ်ရီ
မဟုတ် ခဏကြာလောက်ဆို မိုးလင်းပြီ
ကျောင်းတက်ရမှာ မဟုတ်လား"

"အို ဟုတ်သားပဲ"

  စလယ်ရီ  ဇုကိုသာ ကြည့်ရင်းပြောနေမိ
ခြင်းဖြစ်သည်။နံဘေးရှိ အဆောင်အယောင်
အခမ်းအနားကို သူမ သတိမထားမိ။ ဇု အ
ခန်းဆီကနေ တစ်လှမ်းချင်း ထွက်သွားလေ
မှ လေသာပြတင်းပေါက်ထံ စလယ်ရီ ပြေး
ကာ ကြည့်မိသည့်အခါမှာတော့……။

Love + Love [Normal Fiction]Where stories live. Discover now