လွှာ့ဘေးနားတွင်စစ်ရှိနေ၍ထင်၏။ ညနက်မှအိပ်ရာဝင်ကာမနက်စောစောထလာခဲ့ရသော်လည်းနည်းနည်းလေးမှမပင်ပန်းပါ။
ကားမောင်းနေသည့်စစ်လက်မောင်းပေါ်မှီကာ တလမ်းလုံးစစ်မျက်နှာချောချောကို ဓာတ်ပုံတွေရိုက်လိုက်ဗီဒီရိုမှတ်တမ်းတင်လိုက်ဖြင့်မအားလပ်ရပါ။ကားကိုသာအာရုံစိုက်မောင်းနေသည့်စစ်ကအလွန်ပင်ကြည့်ကောင်းလှသညိ။ဘေးတိုက်မြင်ရသည့်အခါစစ်ရဲ့နှာတံချွန်ချွန်နှင့်မျက်တောင်ခပ်စိတ်စိတ်တို့ကအစလွှာ့စိတ်အစဥ်ကိုဖမ်းစားနိုင်ပါသည်။

"ဘယ်သွားအုံးမလဲ"

"ဟင့်အင်း...လွှာresortပဲပြန်နားတော့မယ်..နော်"

မနက်စောစောထကာလည်ပတ်ခဲ့သည်မို့ မျက်လုံးဝိုင်းဝိုင်းလေးများကတဖြည်းဖြည်းမှေးစင်းလာခဲ့သည်။
တစ်စုံတစ်ယောက်ရဲ့လက်မောင်းပေါ်ခပ်ဖွဖွမှီရင်းစိတ်ချစွာအိပ်စက်ခဲ့ရချိန်တွင် စက္ကန့်ပိုင်းမျှမက်ခဲ့သောအိပ်မက်လေးကအစလှပလို့နေခဲ့ပေသည်။
.
.
.
.
ပင်လယ်လှိုင်းသံတစ်ဝေါဝေါနှင့်အတူအညိုရောင်ဆံစလေးများကိုကပိုကရိုထုံးဖွဲ့ထားသည့်နွဲ့နှောင်းသောနောက်ကျောပုံလေးကမှောက်လျက်သားလေးလှဲလျောင်းနေလေသည်။
ပင်လယ်ရေကြောင့်ရောမနက်ကလျှောက်သွားထားတာကြောင့်ပါအသားအရေပျက်စီးသွားမည်စိုးသောကြောင့်နေဝင်ချိန်တွင်spaမှာrepairလာလုပ်တာဖြစ်သည်။resortကspaပါတွဲဖွင့်ထားသော်လည်းတစ်နေရာနှင့်တနေရာနည်းနည်းကွာကာ privateဆန်တာကြောင့်အဆင်ပြေ၏

resortဖွင့်ထားသည့်spaဖြစ်သောကြောင့်luxuryဆန်ကာပင်လယ်ဘက်မှာသီးသန့်သဘောမျိုးတည်ရှိ၏။ဘေးပတ်လည်မှာအပြင်မှမမြင်နိုင်ပဲအထဲကသာမြင်ရသောမှန်များတပ်ဆင်ထားကာလိုက်ကာရှည်ကြီးများ​ဖြင့်ကာရံထားသော်လည်းအရှေ့ဖက်ကမှန်တွေကိုတော့လိုက်ကာဖွင့်ထားသည်ကြောင့်ပင်လယ်ကြီးကိုမြင်ရသည်။စိန်လွှာလင်းထည်သည်ဝတ်လစ်စလစ်bodyလှလှလေးကိုအဖြူရောင်တဘတ်လေးတစ်ထည်ဖြင့်မလုံတလုံအုပ်ကာမှောက်လျက်အနေအထားဖြင့်မျက်လုံးကလေးမှိတ်နေလေသည်။ကျောပြင်ပေါ်သို့oilတချို့နူးညံ့စွာသုတ်လိမ်းပေးနေသောspaကဝန်ထမ်းကောင်မလေးကခန္ဓာကိုယ်နောက်ကျောတစ်လျောက်ကို နှိပ်နယ်ပေးနေတာမို့အနည်းငယ်ပေါ့ပါးသွားလေသည်။spaကိုမကြာမကြာသွားတတ်သည်မို့တနေကုန်လျှောက်လည်ပြီးရင်spaကိုသွားရမှာသာကျေနပ်သူဖြစ်သည်။
လာဗင်ဒါရနံ့candleလေးကိုစိတ်အေးချမ်းစေရန်ထွန်းညှိထားတာမို့relaxဖြစ်ကာနောက်ကျောဆီမှသာယာစွာနှိပ်နယ်မှုကိုခံယူနေလေသည်။ဝန်ထမ်းကောင်မလေးသည်အတန်ကြာနှိပ်နယ်ပြီးကာမှအခန်းပြင်ကိုထွက်သွားလေ၏။ထို့နောက်ပြန်ဝင်လာသည့်အသံတစ်ချို့ကြားသော်လည်းလွှာလှည့်မကြည့်ပဲမျက်လုံးလေးမှိတ်လျက်သားသာနေနေလေသည်။
လွှာ့၏ကျောပြင်လေးပေါ်သို့ခပ်ဖွဖွပွတ်သပ်နေသည့်အထိအတွေ့ကြောင့်spaကကောင်မလေးဟုထင်တာကြောင့်ငြိမ်သက်စွာသာနေမိသော်လည်း ရုတ်တရက်ဆန်စွာကျောပြင်လေးပေါ်ကတဘတ်လေးကိုဖယ်ချလိုက်တာကြောင့်အလန့်တကြားလှည့်ကြည့်မိသည်။

My missing partWhere stories live. Discover now