"ဒီသောက်ပြဿနာ..."

စစ်မက်နေလတို့လေးယောက်သည်တိုင်ပင်မထားပါပဲအင်္ကျီအဖြူတွေဝတ်ထားကာပုဆိုးအဆင်သာကွဲသောကြောင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာစိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

"နင်တို့ကိုဂေါပကအဖွဲ့ထင်​နေမလားမသိဘူး"

ဆင်တူသယောင်ဖြစ်နေသောစစ်မက်နေလတို့လေးယောက်ကိုမိုက်ကယ်တင်ထူးက သူ့အကျင့်အတိုင်းဝေဖန်တော့သည်။
မိုက်ကယ်တင်ထူးဝတ်ထားသည်ကတော့ အနီရောင်ရှပ်လက်ရှည်ကိုကြယ်သီးအစိတပ်ထားတာဖြစ်ပေသည်။
မျက်နှာကိုsun sprayအားတိုင်းဖြန်းရင်းမြင်သမျှကိုဝေဖန်နေတာကြောင့်မာန်မင်းရွှေကပင်သူ၏နေကာမျက်မှန်ကိုပစ်ပေးကာတပ်ထားခိုင်းလေသည်။

စစ်မက်နေလနှင်စိန်လွှာလင်းထည်က သီးသန့်နှစ်ယောက်တစ်ကားစီးသွားလေတော့သည်။
သံတွဲမြို့ကိုရောက်တော့ရှေးဟောင်းသမိုင်းဝင်ဘုရားများဖြစ်သည့်အံတော်နံတော်နှင့်ဆံတော်ဆိုသည့် စေတီသုံးဆူကို လွှာတို့သွားဖူးခဲ့ကြ၏။ထိုဘုရားသုံးဆူသည် သံတွဲမြို့ကိုဖိုခနောက်ပုံစံဝန်းရံထားသည်ဟုသိရ၏။ဘုရားကိုသွားသည့်အချိန်တွေအတွင်းစစ်မက်နေလတို့အုပ်စုကိုမိန်းက​လေးတော်တော်များများကအာရုံစိုက်ကြတာကိုတွေ့တာကြောင့်စိန်လွှာလင်းထည်သည်တွဲထားသောစစ်မက်နေလ၏လက်ကိုပို၍တင်းကျပ်စွာဆုပ်ကိုင်လိုက်လေသည်။

"ဓာတ်ပုံရိုက်မယ်....စစ်"

စိန်လွှာလင်းထည်သည်instagramမှာရောfacebookမှာပါupdateမပြတ်သူဖြစ်တာကြောင့်ပုံလှလှလေးတွေသွားလေရာရိုက်တင်တတ်သည်။
မိုက်ကယ်တင်ထူး၏ကုန်း၍တလှည့် ကား၍တစ်ဖုံရိုက်ချက်တွေကြောင့်စိန်လွှာလင်းထည်၏ပုံလေးတွေလှပစွာထွက်လာပေသည်။ထိုနောက်စစ်မက်နေလနှင့်နှစ်ယောက်တည်းပုံရောရိုက်ကာအုပ်စုလိုက်ပုံကိုတော့မိုက်ကယ်တင်ထူး၏ပူဆာမှုကြောင့်ဓာတ်ပုံဆရာခေါ်ကာရိုက်ဖြစ်သည်။စောစောထွက်လာတာ​ဖြစ်သော်လည်းဘုရားတွေပတ်ဖူးနေတာကြောင့်ညနေခင်းသို့ရောက်လာ၏။resortကိုမပြန်သေးပဲရခိုင်အစားစာတွေ ဝင်စားကြကာနေရာအနှံလျှောက်သွားကြ၏။

My missing partWhere stories live. Discover now