အပိုင်း ၅၁

Beginne am Anfang
                                    

ရယ်စရာကောင်းလောက်အောင်ပင် အဖြူရောင် ယုန်သူငယ်လေးက သူမမှာ အန္တရာယ်ရှိနေတဲ့ အခြေအနေတွင် ရှိနေသည်ကို မသိခဲ့ပေ။  လောလောဆယ်တွင် မင်းသား ယွေ့၏ အိစက်နေတဲ့အသားအရေကို သူမ လောဘတကြီးနဲ့ ဆက်လက်ထိတွေ့နေပြီး လဲ့ယောင်းယောင်းရဲ့ မျက်လုံးအိမ်တွေက တောက်ပနေသည်။သူမ သွားရည်ကျလုနီးပဲ

ရုတ်တရက်ပင် တိုးတိုးတိတ်တိတ် အသံတစ်ခုက သူမနားထဲသို့ ရုတ်တရက် ဝင်လာပြီး သူမကိုလက်တွေ့ဆီသို့ပြန်ခေါ်လာခဲ့လေ၏

“မင်းထိနေတာ ပြီးပြီလား!?”

သူ့အသံက အက်ရှနေပြီး တစ်ခုခုကို ထိန်းထားဖို့ ကြိုးစားနေသလိုမျိုး အနည်းငယ် ထိန်းထားသည်။ ဒါတောင်မှ အသံက အရမ်းဟော့နေတုန်း!


သို့သော်လည်း မင်းသား ယွေ့ စကားပြောလာသည့်အခိုက်အတန့်တွင် လဲ့ယောင်းယောင်း မျက်နှာက တစ်စစီဖြစ်သွားတော့သည်။ လျှပ်စစ်မီးကြောင့် ရှော့ဖြစ်သွားသလိုမျိုး သူ့လက်ကို အမြန်ပြန်ရုတ်လိုက်တယ်

သူမ မင်းသား ယွေ့  မျက်လုံးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။  သူမမျက်နှာတွင် အပြစ်ရှိသောအမူအရာတစ်ခုရှိပြီး သူမကအန္တရာယ်ရှိတဲ့ဟာတစ်ခုခုလုပ်နေပြီး အရွယ်ရောက်ပြီးသူတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရတဲ့ကလေးတစ်ယောက်နဲ့တူနေသည်။


သို့တိုင် လဲ့ယောင်းယောင်းက သူမ၏ ကြောက်ရွံ့သော အမူအရာက မင်းသား ယွေ့ အတွက် အလွန်စွဲမက်ဖွယ်ကောင်းနေကြောင်းကို လဲ့ယောင်းယောင်း  မသိခဲ့ပေ။


သူမ တုန်လှုပ်ချောက်ချားနေတဲ့အသံဖြင့်စတင်ပြီး တိုးတိုးလေးရေရွတ်လာသည်။ “အ ၊ အီး ၊ မ-မင်းသား ယွေ့ ဒ -ဒီကျွန်က.......”


လဲ့ယောင်းယောင်းက သူမ၏ အပြုအမူအတွက် အကြောင်းပြချက်ကောင်းတစ်ခုကို တွေးတောဖို့ ကြိုးစားနေသော်လည်း သူမ ဘာကိုမှ မဖြေရှင်းနိုင်ခဲ့ပေ။

နောက်ဆုံးတော့ သူမက သူ့ကျောကို ပွတ်သပ်ဖို့အမိန့်ပေးတာခံလိုက်ရတယ်။  သို့သော် သူမက သူ့ကို “လိင်ပိုင်းဆိုင်ရာ စော်ကား” မည့်အစား သူမက လက်ရှိမှာ မိန်းမစိုးတစ်ယောက်လေ!

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Wo Geschichten leben. Entdecke jetzt