အမေဆုံးတာက စလယ်ရီ အသက် ၁၆နှစ်အရွယ်။
အိမ်ရာမဲ့ဖြစ်ကာ ရောက်လာသော အဒေါ်ကြီးတို့ကို
အိမ်မှာအတူနေခိုင်းခဲ့ရာက အမေဆုံးတော့ အမေ
စလယ်ရီအတွက် လျှို့ဝှက်စွာ ထားခဲ့သော ဘဏ်က
ငွေလေးအစ ရှိသမျှ ပိုင်ဆိုင်တာအကုန် အဒေါ်ကြီး
လက်ဝါးကြီးအုပ်ပစ်ခဲ့သည်။

ချို၍ အကြင်နာပိုခဲ့သော အဒေါ်ကြီးအမူအရာတွေ
က အမေမရှိတဲ့နောက် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး ရလေတော့။တစ်ခုသာ စလယ်ရီကိုတော့ အိုဒူရာနှင့် တစ်ခန်းထဲ အိပ်ခွင့်ပေးထားခြင်းပင်။သို့သော် ထို သို့ အိပ်ခွင့် ပေးခြင်းဟာလည်း အိုဒူရာ၏ အကြံပေးချက် ကြောင့် မဟုတ်လား။

   " စလယ်ရီ ပုစွန်ပါခဲ့လား "
"အွန်း ချက်ထားတယ်"
" ထမင်းထုပ်ထဲ ထည့်လိုက်ရမလား အခုစားမလား"
"ဟင် နင်က နည်းနည်းပဲ ဝယ်လာတာလား၊ ဟင့်
မေမေ မေမေ စလယ်ရီ စလယ်ရီကြောင့်"

  သွားလေပြီ။အိုဒူရာ ထုံးစံအတိုင်း ပြဿနာ
ရှာလေပြီ။ စလယ်ရီ ဂုတ်ပိုးလေးတွေတောင် ယားလာသလိုလို။ခြေဆောင့်ကာ မိခင်ဖြစ်သူကို ပြေးတိုင်နေသော အိုဒူရာကြောင့် အလူမာကြီး ဒေါပွတော့မည်။

အဒေါ်ကြီးဆိုတာက သမီးဖြစ်သူမျက်နှာ တစ်ချက်ညှိုးတာနှင့် ဘီလူးသဘက်ပမာ
စလယ်ရီကို အပြစ်တင် ရိုက်နှက်တတ်
သူမို့။

"စလယ်ရီ  နင်ဘာသဘောလဲ၊ ကြည့်စမ်း ဒူရာလေး
ငိုနေရပြီ လာစမ်း လာစမ်းကောင်မ ဟင်၊ နင်သေမယ်
နင့်ကို သေအောင် သတ်မယ်"

  "ဖြောင်း  ဖြန်း "
"အွတ်"
    စလယ်ရီ နှုတ်ခမ်းလေးကိုက်ကာ ကြမ်းပြင်ထက်
ငုတ်တုတ်လေး ထိုင်ထားမိသည်။မျက်နှာကလေးကို
ထိခိုက်မည်စိုးတာကြောင့် စလယ်ရီ ဒူးလေးနှစ်ဖက်
ကြားကို ကွယ်ဝှက်ထားမိသည်။

   " ကောင်မ မော့စမ်း "
"ဟယ် ဟုတ်သား ဖယ်သမီး၊ ငါ့သမီးထက် လှတဲ့
နင့်မျက်နှာကို သိပ်ကို ထိခိုက်မှာစိုးနေတယ်ပေါ့လေ
လာစမ်း ကောင်မ သေဦးမယ်"

   အို……အဒေါ်ကြီး ရိုက်လိုက်သော လက်က လက်
သည်းအရှည်ကြီးကြောင့် စလယ်ရီပါးပြင်လေး ပူရှိန်း
တက်သွားသည်။နာကျင်မှုလေးက တရေးရေး။တစ်ချိန်
တည်းပင် အိုဒူရာဆီက ရီသံ ထွက်လာသည်။

Love + Love [Normal Fiction]Where stories live. Discover now