Part...34

8.7K 1.1K 26
                                    


အချိန်တွေကုန်လာတာနဲ့အမျှထယ်ယောင်းဗိုက်ကလေးမှာ
ကြီးသထက်ကြီးပူသထက်ပူလာရသည်။သာမာန်လေးလ
ကျော်ကျော်ဗိုက်ကလေးက ဤ မျှလောက်မပူသည်ကို
ယောက္ခမကြီးရိပ်စားမိသောအခါ အသဲအသန်ဆေးရုံသွား
ပြဖို့ပြင်ဆင်ခိုင်းတော့သည်။

ထယ်ယောင်းဆေးရုံဆိုတဲ့အရာကြီးကိုမုန်းနေပြီဖြစ်သည်။
ထိုနေရာကြီးမှာဗိုက်ပူပူလေးကိုစစ်ဆေးပြီးပြန်လာတိုင်း
သောက်ဆေးတွေမှာတိုးတိုးသွားရသည်။ထယ်ယောင်း
တစ်ခါမှရေမရှိသောကုန်းပေါ်တွင်အကြာကြီးနေထိုင်ရမည်
လို့မတွေးခဲ့။သဘာဝကိုလွန်ဆန်ရဲသည်ကလည်း..အချစ်
ကြောင့်ပဲလေ။ ဂျွန်သူ့ကိုချစ်နေသ၍ တော့သူကဘယ်က
လာမှန်းမသိတဲ့အားတွေနဲ့အရာရာကိုကျော်ဖြတ်နေဦးမှာ။
ဂျွန်သူ့ကိုမလိုအပ်ရင်တော့ အရာအားလုံးကိုလက်လွှတ်ကာ
ပဂ်လယ်ပြာကြီးထဲခုန်ဆင်းသွားမည်သာ။

နာကျင်အောင်ဘယ်သူမှလုပ်တာမဟုတ်
ကိုယ်ကိုတိုင်က ထိုနာကျင်ခြင်းတွေကိုအချစ်လို့
သတ်မှတ်ပြီးပုံဖော်ခဲ့ရုံသာ။

တွယ်တာတတ်လွန်းတာမို့
ဒီရေနေသတ္တဝါလေးက
အချစ်ကိုကိုးကွယ်ခဲ့ရုံသာ။
အမှတ်မရှိနာကျင်ခဲ့တာတောင်
နောက်တစ်ကျော့ထိုလူသားကိုချစ်ဖို့ဝန်မလေးခဲ့ဘူး။
ဒီငါးလေးအတွက်..ချစ်တတ်တဲ့နှလုံးသားကို
မဖန်ဆင်းခဲ့ပါနဲ့လား...ဘုရားသခင်။
သူလိုကိုယ်လိုရေနေသတ္တဝါတွေလိုပဲ
ဘာအနှောင်အဖွဲ့မှမရှိဘဲပျော်ပါးချင်လို့..
အခုတော့ သေမှာကြိုသိနေတဲ့ကံကြမ္မာရယ်
ဗိုက်ထဲက နှောင်ကြိုးငယ်လေးတွေနဲ့
ဘယ်လိုဝန်ပိစေတာပါလိမ့်။

မင်းကိုတွေ့ခဲ့ခြင်းကဘဝမှာ
ရှားပါးအဖိုးတန်ခဲ့ပါတယ်..ဂျွန်

ထယ်ယောင်းအခန်းပြူတင်းပေါက်နားမတ်တပ်ရပ်ကာ
ဂျောင်ကုပြန်အလာကိုစောင့်နေမိသည်။ တစ်ခါတစ်လေ
ဂျောင်ကုကသူ့အလုပ်တွေပစ်ထားမရသည်မို့ရုံးသွားရတဲ့
အချိန်တွေလည်းရှိတယ်။ထိုသို့အချိန်မျိုးဆိုထယ်ယောင်း
လေးမှာအိမ်ကြီးထဲအထီးကျန်နေတတ်ပြီးပြူတင်းပေါက်
နားရပ်ကာဂျောင်ကု ပြန်အလာကိုတောင်တွေမြောက်တွေး
ဖြင့်မြှော်နေတတ်သည်။ညနေ.. နေရောင်ခပ်ဖျဖျဝင်သည်
နှင့် ဂျွန်၏ကားလေးသည်ဗီလာထဲသို့ တန်းကာ
ချိုးဝင်လာသည်။
ဂျွန်ပြန်လာပြီဆိုတဲ့အသိနဲ့တင်ငါးလေးခများပျော်သွားရပြီး
ပါးပေါ်က မခြောက်သေးတဲ့မျက်ရည်စက်တွေကိုခပ်ကြမ်း
ကြမ်းပွတ်သပ်ပြစ်လိုက်သည်။

Thousand For Love(Completed)Where stories live. Discover now