Part..29

9.7K 1.3K 97
                                    

ရုံးဆင်းသည်နှင့်ပတ်ခ်ဂျီမင်းလေးမှာအဖွဲ့မူး အီကိုခေါ်ကာ
မြောင်ဒုံဈေးတစ်လျှောက်ပတ်ခဲ့ရသေးသည်။အဲ့ဒီက အသား
ငါးတွေက Supermarket ကရေခဲရိုက်ထားသည့်
အသားငါးတွေထက်ပိုမိုသန့်ရှင်းလတ်ဆတ်သည်မို့Boss
လိုချင်သလိုစိတ်တိုင်းကျကွက်တိရယ်သာ။ပါလာသောအဖွဲမူး
အီမှာလည်းတော့်တော့်ကို အားကိုရပြီးအသားငါးဟင်းသီး
ဟင်းရွက်များကိုထောင့်စေ့အောင်ဝယ်တတ်သူမို့ဂျီမင်းလှည့်
ကြည့်စရာမလို။တစ်နာရီအတွင်းလျှင်လျှင်မြန်မြန်ပင်ဈေး
ဝယ်ခြင်းအမူ့ပြီးဆုံးခဲ့ပြီးကုန်ပစ္စည်းတစ်ချို့ကိုကားနောက်
ခန်းထဲထည့်ကာဥက္ကဌဂျွန်ပိုင်ဆိုင်သောဗီလာကိုသာတန်းထွက်လာခဲ့သည်။

အဖွဲ့မူးအီကတော့လမ်းတစ်ဝက်မှာပင်ဆင်းနေခဲ့သည်။သူမ
လိုကလေးအမေတစ်ယောက်က ဘယ်တော့မှနောက်ကြောင်း
အေးသည်မဟုတ်။ထို့ဖြင့်ရယ်သာ ဂျီမင်းတစ်ယောက်ထည်း
ဂျောင်ကုဆီချီတက်ခဲ့သည်။ဗီလာထဲသို့ကားချိုးဝင်လိုက်သည်
နှင့်သူဌေးကိုယ်တိုင်တံခါးလာဖွင့်ပေးသည်။ဂျီမင်းမှာလည်း
ဂျောင်ကုပေးထားတဲ့ ဆုကြေးတွေကြောင့်အလွန့်ကိုလိမ္မာ
နေသည်ဖြစ်လေရာဂျောင်ကု ကမခိုင်း ဘဲနဲ့တောင်အထုပ်
တွေအကုန်လုံးချပြီး နောက်ဖေး စားပွဲအလွတ်ပေါ်တင်ပေး
ပြီးသားဖြစ်သည်။

ဂျောင်ကုကပုံမှန်ထက်လူကြီးပုံပေါက်အောင်သေချာကျ
ကျနနဝတ်စားထားသလိုကောင်းမွန်ပြည့်စုံသောဟိတ်ဟန်
သွင်ပြင်ကြောင့်ဂျီမင်းလေးခများမစပ်စုဘဲမနေနိုင်တော့။

"ဒါနဲ့ဘောစိ..ဘယ်သွားမလို့လဲ"

"ငါ့ယောကျာ်းကိုဗိုက်သွားပြမလို့..မင်းလိုက်ဦးမလား"

ချောဆွဲတော်မူသောကြောင့်ပတ်ဂျီမင်းလေးခများမြန်မြန်လက်
ခါပြလိုက်သည်။သူကစောစောပြန် မင်ယွန်ဂီနဲ့နှပ်မလို့ပါဆို
နေ။

ကိုယ့်ထမင်းကိုယ်စားပြီးကြီးဒေါ်နွားတော့ကျောင်းမပေး
နိုင်ပေါင်။

"ဟင့်အင်း၊မလိုက်တော့ဘူး..မင့်အတွက်ဘာမှမချက်ရ
သေးဘူး၊မင်က အပြင်စာတွေမစားတတ်ဘူးလေ..."

Thousand For Love(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ