Part..30

10.1K 1.2K 60
                                    

ထိုနေ့ကနှလုံးအတွက် ECTရိုက်ယူခဲ့ပေမဲ့နှလုံးအထူးကု
ဆရာဝန်ကြီး ဂျောင် အွန်ဟ က မရှိတော့ပြီမို့နောက်တစ်ရက်
သို့ရက်ရွှေ့လာခဲ့သည်။ဒေါက်တာယူဝန်းညွှန်းပေးလိုက်သော
သောက်ဆေးများသည်လည်းဘာမှထွေထွေထူးထူးမဟုတ်
ဘဲ ကိုယ်ဝန်ဆောင်အားဆေးများရယ်သာ။ရုတ်တရပ်နှလုံး
အောင့်တာတို့၊အသက်ရူမဝဖြစ်တာတို့ဆိုရင်အမြန်ဆုံးဆေး
ရုံကိုလာရန်လည်းသတိပေးထားသေးသည်။

အိမ်ပြန်ရာလမ်းတစ်လျှောက်ဂျောင်ကုက ဆိတ်ငြိမ်လျှက်သာ။
သူ့ရင်ထဲပေါင်နှစ်ဆယ်လောက်အလေးချိန်စီးတဲ့ခဲတစ်လုံး
ဆွဲထားသလို လေးလံနေပြီးနှလုံးသားကထိုင်းမိုင်းနေသည်။
ထယ်ယောင်းကိုသူဆုံးရူံးရမှာကြောက်သည်။နောက်တစ်ခါ
ထယ်ယောင်းသူ့မျက်စိရှေ့မှာတစ်ခုခုဖြစ်သွားခဲ့ရင်ဆောက်
တည်ရာရမည်မဟုတ်ရူးဖို့သာပင်ရှိတော့သည်။သူ့အမှား
တွေအားလုံးအတွက် ဖြစ်ဖြစ်မြောက်မြောက်ဘာတစ်ခုမှ
ပေးဆပ်နိုင်ခြင်းမရှိသေးဘဲထယ်ယောင်းကဒီလိုလွယ်လင့်တကူခွင့်လွှတ်ပေးတာကမဟုတ်သေးဘူးလေ။

"ဂျွန်...ဟိုနားသွားချင်တယ်"

ထယ်ယောင်းကပြူတင်းပေါက်ဘက်မျက်နှာမူရာကနေသူ့
ဘက်လှည့်လာပြီးတစ်နေရာအားလက်ညိုးထိုးကာသွား
ချင်ကြောင်းပြောလာသည်။ဂျောင်ကုကလည်းနှစ်ခါမငြင်း။
ကားကိုသတ်မှတ်ထားသည့်နေရာကိုထိုးရပ်လိုက်ပြီးသည်
နှင့်ထယ်ယောင်းလက်ကိုတွဲကာအပန်းဖြေအနားယူရာပန်း
ခြံဆီထွက်လာခဲ့သည်။ညမိုးချုပ်မို့ပန်းခြံအတွင်းလေညှင်းခံ
အနားယူသူတွေများပြားနေပြီး မိသားစုလိုက်၊သူငယ်ချင်း
တစ်သိုက်နဲ့ပျော်ရွှင်စွာအနားယူနေသူုတွေလည်းရှိပြီးသူလို
ကိုယ်လိုအတွဲတွေလည်းရှိသည်။

ထယ်ယောင်းမှာဂျောင်ကု လက်မောင်းကိုချိတ်တွယ်ရင်း
မီးရောင်စုံနှင့်လှပသောညချမ်းကိုခံစားနေပြီးပန်းပင်လှလှ
လေးတွေ တွေ့ မြင်တိုင်းလည်းသဘောတကျရီပြုံးတတ်
သေးသည်။ထယ်ယောင်းနှလုံးသားထဲကလာတဲ့စစ်မှန်တဲ့
အပြုံးကိုဂျောင်ကု မမြင်တော့တာကြာရောပေါ့။ရေပြင်ကျယ်
ကြီးထဲ ကူးလားခေါက်ပြန်ပျော်ရွှင်နေတတ်တဲ့ရေသူထီးလေး
မှာဂျောင်ကုပေးတဲ့ဒဏ်ရာတွေကြောင့်နှစ်ပေါင်းရာချီအလွမ်း
အဆွေးတွေ၊မျက်ရည်​တွေနဲ့သာမိတ်ဖွဲ့ခဲ့ပြီးပြုံးဖို့ရီဖို့မေ့လျှော့
နေခဲ့သည်။

Thousand For Love(Completed)Onde histórias criam vida. Descubra agora