Part..13

11.5K 1.4K 367
                                    

ဂျောင်ကု..ထယ်ယောင်းသဘောအတိုင်းငါးကန်ဘောင်ထဲက
နေလူအင်အားသုံးကာဆွဲထုတ်လိုက်သည်။ဖန်ငါးလှောင်
ကန်လေးသိပ်မကြီးသည်မို့ ဝါးလှေကားထောက်ကာလက်
တစ်ဖက်ဆီကနေဆွဲမရင်းအပြင်သို့ခဲရာခဲဆစ်ခေါ်ထုတ်
လာခဲ့သည်။အောက်ရောက်သည်နှင့်ကြမ်းပြင်ပေါ်မှာထယ်
ယောင်းကခွေကနဲ။
ရွှေဝါရောင်ငါးအမြှီးကြီးမှာရေမခြောက်သေး
သည်မို့်အမြှီးအတိုင်းပင်ရှိနေတုန်းပင်...ဂျောင်ကုက ထယ်
ယောင်းကိုယ်သေးသေးလေးကိုသနားစိတ်ဝင်ကာထွေးဖက်
ဖို့ကြံလိုက်သော်လည်း ဟေဆောင်းမင်းသမီးကဂျောင်ကု
လက်မောင်းအားခပ်တင်းတင်းဆုပ်ကိုင်ထားသည်။

"သူ့ကိုလွှတ်ပေးလို့မရဘူးနော်...အိုပါး။သူကနိုင်ငံပိုင်အဖြ
စ်သိမ်းပြီးသား။အိုပါး...သူ့ကိုလွှတ်ပေးလိုက်တဲ့ရာဇဝတ်
သင့်ပြီးကွပ်မျက်ခံရမှာ..."

ဟေဆောင်းမင်းသမီးကမနာလိုစွာဝင်ပြောလာသည်။ထယ်
ယောင်းကတော့ထိုမနာလိုစကားကိုစိတ်ထဲပင်မထားတော့။
ဒီရက်ဒီအတောအတွင်းထိုလူတွေပြောတဲ့စကားတွေနဲ့ပင်
သူ့စိတ်ဒဏ်ရာရဖို့ငြိမ်သက်ပေးဖို့လုံလောက်နေပါပြီ။သူတို့
တွေဂျောင်ကုပေါ်စိတ်နာအောင်ဘယ်လောက်ပဲပြောပြော
ငါးသေးသေးလေးကဦးနှောက်ရောအမှတ်သည်းခြေပါ ပါမလာဘူးအခုအခြေအနေရောက်နေသည့်တိုင်...ဂျောင်ကုအပေါ်ချစ်စိတ်ရယ်မ​ပြေသေးပါ။

သူကဂျောင်ကု မျက်နှာကိုပင်ပိုင်ဆိုင် ရာ​ကောင်းကင်ပြင်
ကြီးပမာအားကိုတကြီးမော့ကြည့်နေမိသည်။

ဂျောင်ကု ကသူ့ကြောင့်ကွပ်မျက်ခံစရာမလိုပါဘူး။
အတတ်နိုင်ဆုံး..အနာဂတ်မှာသေချာပေါက်ဂျောင်ကုပျော်
ရွှင်ပေးရဦးမှာ။နွေးထွေးတဲ့မိသားစုဘဝလေးကိုဂျောင်ကု
အားပိုင်ဆိုင်စေချင်ပါသည်။

ထယ်ယောင်း၏ရွှေရောင်အမြှီးကြီးမှာအဆောင်ပြူတင်းပေါက်
ကဖြတ်တိုက် လာတဲ့ပူပြင်းပြင်းလေတွေကြောင့်တစ်ဖြည်း
ဖြည်းခြောက်သွေ့သွားပြီး လူခြေထောက်တွေအဖြစ်အသွင်
ပြောင်းလာသည်။ကံ​ကောင်းသည်က သူ့ကိုဖမ်းခေါ်လာ
တုန်းကအဝတ်အစားများသည် တန်းပေါ်တွင်တည်ရှိနေပြီး
အမူ့ထမ်းများကမ်းပေးလာသောအခါဘောင်းဘီအဖြူတစ်
ထည်အားခြေထောက်လျှိ ရင်းဝတ်လိုက်သည်။ထို့နောက်
ဒီယီးဒယိုင်နဲ့ပင်အားပြုကာမတ်တပ်ရပ်လိုက်တော့သည်။

Thousand For Love(Completed)Wo Geschichten leben. Entdecke jetzt