Part..5

9K 1.2K 241
                                    


Zawggi

သဘာဝအတိုင်းလှပစွာတည်ရှိနေသောကျောက်ဂူကြီး၏အဝင်
ဝအပေါက်တွင်သာအလင်းရောင်မှိန်ဖျော့ဖျော့ရှိပြီး အတွင်းဘက်ပိုင်းရောက်လေလေ ပိုအေးစက်ကာပိုမှောင်လေ
ဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်နှင့်စပ်ဆက်နေသောထို
ကျောက်သားလိုင်ဂူကြီးမှာကြီးမားကျယ်ပြန့်ပြီး ရေထုထည်
လည်းအတော်နက်သည်။တော်ရုံလူဝင်ရဲမည်မဟုတ်။

သဘာဝကခြားနေပေးထားတဲ့ ကုန်းနေရေနေ သတ္တဝါတို့
ရဲ့စည်းကြီးဆိုလည်းမမှား။ ကျောက်ဂူကြီး၏အလယ်တစ်ခု
တည်းသောကျောက်ဆောင်လေးမှာရွှေဝါရောင်ငါးအမြှီးရှည်ကြီးနှင့်လှဲလှောင်းနေသော ရေသူလေးရယ်။ အပြာရောင်
လိုင်းတွန့်ဆံပင်ကောက်လေးများသည်သမုဒ္ဒရာကြီးကိုကိုယ်
စားပြုနေပြီးရွှေဝါရောင်ငါးအမြှီးကြီးကတော်ဝင်ရေသူမျိုးနွယ်
၏နန်းဆန်ခြင်းကိုဂုဏ်ထင်စေသည်။ ရေသူလေး၏ ထူးခြား
ချက်မှာ ကျောရိုးဘက်ငါးဆူးတောင်မပါခြင်းပင်။ဒါကရေသူ
ထီးတွေအတွက်မပါမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီးတိုက်ခိုက်ရန်
အတွက်ဒါမှမဟုတ်ရေသူမလေးတွေအားကိုယ်ရေးပြ မြူ
ဆွယ်ရန်အတွက်သုံးကြသည်။ သူကတော့ထူဆန်းစွာရေသူ
ထီးဖြစ်ပြီးကျောရိုးဘက်ငါးဆူးတောင်မပါ။ထယ်ယောင်း
ခများစိတ်ပြေလက်ပျောက်ကျောက်ဆောင်ထက်ခွေရင်းတွေးမိတွေးရာတွေးနေရခြင်းသာ။

ဘယ်လောက်ပဲသူ့စိတ်တွေကိုတင်းထားတင်းထားအချိန်တန်
ဂျွန့်ဆီစိတ်ရောက်ရောက်သွားတတ်သည်။ဂျွန်ရော...သူ့ကို
သတိရနေပါ့မလား။သူကတော့ဂျွန့်ကိုလွမ်းနေတာအချိန်တိုင်း
ပဲ။ဂျွန်ဆိုတဲ့လူသားအနားမှာရှိရင်သူအရမ်းပျော်ကာအထီးကျန်
တယ်လို့မခံစားရ။ဂျွန်ကသူ့မျက်နှာလေးကိုကြည့်ကာစကား
ပြောနေတဲ့အချိန်ဆို သမုဒ္ဒရာ၏ ကြီးစွာသောလိုင်းလုံးတွေ
ရင်ဘတ်ထဲထိဝင်ဆောင့်သလိုမျိုးဝုန်းကနဲထန်းကနဲ။
နမ်းတယ်ဆိုတဲ့အရာကြီးကအသက်ရူကျပ်ပေမဲ့ထယ်ယောင်းသဘောခွေ့မိပါသည်။လူတွေကကြောက်ဖို့ကောင်းတယ်ထင်ရပေမဲ့
ထိုကြောက်ဖို့ကောင်းတဲ့လူထဲတွင်ဂျွန်မပါ။ ဂျွန်က သူ့ကို
ပထမဆုံးအဖော်ပြုပေးတဲ့သူ။ နွေးထွေးကာကြင်နာတတ်
တဲ့ဂျွန်ဟာသူ့အတွက်မိခင်ပင်လယ်ကြီးလို ပင် နွေးထွေးကာ
လုံခြုံမူ့လည်းပေးသည်။

Thousand For Love(Completed)Where stories live. Discover now