Part..16

9.6K 1.3K 106
                                    

အချိန်တစ်ခုကြာမှာဂျောင်ကုမျက်လုံးတွေပြန်ပွင့်လာရသည်။
နိုးနိုးခြင်းမိုနံသင်းသင်းထနေတဲ့အနံတွေကိုရူရိုက်လိုက်ရတဲ့
အပြင်ကျောက်သားမျက်နှာကျက်ကြီးကသူ့စိတ်အာရုံကို
ထွေပြားစေတယ်။ထိုးကိုက်လာတဲ့ခေါင်းနဲ့အတူမှတ်ဥာဏ်
အားလုံးကို recallခေါ်ကြည့်တော့ကြောက်စရာကောင်းတဲ့
ပင်လယ်ပင်အတွေ့အကြုံတစ်ခုကိုရင်ဆိုင်ခဲ့ရသည်မှန်းတစ်
ဖြည်းဖြည်းနားလည်လာတယ်။

သူ့နားထဲမှာပင်လယ်က လိုင်းသံတွေကနီးသွားလိုက်ဝေး
သွားလိုက်။ဂျောင်ကု...ဘေးပတ်ဝန်းကျင်ကိုစောင်းငဲ့ကြည့်
လိုက်မိပြီးသူ့ကိုကယ်တဲ့တစ်စုံတစ်ဦးကိုရှာဖွေလိုက်တယ်။
နောက်ပြီး..ပတ်ခ်အန်နာကိုရော။ ပတ်ခ်အန်နာသည်သူ
မချစ်သည့်တိုင်မျိုးကြီးဆွေကြီးအင်အားတောင့်သူမို့မလေး
မစားသွားလုပ်လို့်မရ။မတော်လို့...ဒီမတော်တဆမူ့မှာ
ပတ်ခ်အန်နာသေဆုံးခဲ့ရင်စီးပွားရေးလူမူ့ရေးအစစအရာရာ
ထိခိုက်နစ်နာမဲ့အပြင်ရုံးရောက်ဂတ်ရောက်အခြေအနေထိပါ
ဖြစ်လာနိုင်သည်မို့ဂျောင်ကုခေတ္တမျှစိတ်ရူပ်ထွေးသွားသည်။

"နိုးလာပြီလား"

အသံလေးကဂူအပြင်ဘက်ကနေထွက်လာတာဖြစ်ပြီးသူ့
ကိုကယ်တင်ခဲ့တဲ့ဆံပင်အပြာရောင်နဲ့ကောင်လေးမှာအုန်ုး
သီးကိုမနိုင်တစ်နိုင်ဆွဲရင်းဂူထဲသို့တစ်လှမ်းခြင်းဝင်လာသည်။
ဆံပြာကောင်လေးက ခပ်​ဖျော့ဖျော့တီရှပ်
အပြာစင်းကိုဝတ်ဆင်ထားပြီးအောက်ပိုင်းကတော့ဘာမှ
မပါပါချေ။

ခြေထောက်တွေကရှည်သွယ်ကာခါးသည်လည်းပျော့ပျောင်း
ပုံရသည်။မျက်နှာသည်လည်းနေရောင်နှင့်မထိတွေ့ထား
သည့်ပမာနေပျောက်တစ်စက်အမဲစက်တစ်စက်မှတောင်စွန်း
ထင်းမနေဘဲလှပချောမောကြည့်ကောင်းလှပါသည်။

"ခင်ဗျား...သောက်ဖို့်"

နိုးနိုးခြင်းခေါင်းကိုက်ကာ အာခေါင်ခြောက်နေသည်မို့
ဂျောင်ကုထိုအုန်းရေအားစိတ်ရှိတိုင်းမော့သောက်ပစ်လိုက်သည်။

သောက်ပြီးသည်နှင့်ဂျောင်ကုမှာပတ်ဝန်းကျင်ကိုစူးစမ်း
သလိုကြည့်လာပြီးပတ်ခ်အန်နာအားစတင်မေးတော့သည်။

Thousand For Love(Completed)Kde žijí příběhy. Začni objevovat