Part..28

10.2K 1.3K 35
                                    

ထယ်ယောင်းအားမနက်စာကျွေးပြီးသည်နှင့်တရေးတမော
အိပ်စေကာဂျောင်ကု အပြင်သို့အဝတ်စားလဲကာထွက်ခဲ့သည်။
အရင်ဆုံးအရှေ့တိုင်းဆေးရုံသို့ထွက်ခဲ့ပြီး သားဖွားမီးယပ်
ဆရာဝန် ယူဝန်းနဲ့တွေ့ဆုံခဲ့သည်။ ယူဝန်းကဌက္ကဌ ဂျွန်ပြော
သမျှကိုသေချာဂရုတစ်စိုက်နားထောင်တော့သည်။သူကဝါ
ရင့်သားဖွာဆရာဝန်ဆိုသော်ငြားတစ်ခါမှယောကျာ်းလေး
ကိုယ်ဝန်ဆောင်းခြင်း Caseကိုကိုင်တွယ်ဖူးခြင်းမရှိခဲ့ပါ။
အခု ဆေးရုံ၏Bossဖြစ်သူ ဥက္ကဌ ဂျွန်၏လက်တွဲဖော်မှာ
ယောကျာ်းလေးဖြစ်တဲ့အပြင်ထူးဆန်းစွာကိုယ်ဝန်​ဆောင်
နိုင်နေသေးသည်။ ဥက္ကဌ ဂျွန် မှာညနေသူဇနီးလေး၏
ဗိုက်လာအပ်မည်ဖြစ်ကြောင်းနှင့်အပြင်မှာစာအုပ်ကိုင်ကာ
တန်းစီးမစောင့်ချင်ကြောင်းကိုရှင်းရှင်းလင်းလင်းပြောသွား
ကာပြန်သွားတော့သည်။

ထို့နောက် ဂျီမင်းရှိရာCompany သို့သာကား
ဦးတည်ရာဖြင့်ထွက်လာခဲ့တော့သည်။ဌက္ကဌဂျွန်၏ကား
Company ရှေ့ထိုးရပ်လိုက်သည်နှင့်ဝန်ထမ်းအများစု
မှာခေါင်းမဖော်တမ်းအလုပ်လုပ်ကြတော့သည်။လှေမှောက်
သည့်မတော်တဆဖြစ်ရပ်ဖြစ်ပြီးသည့်နောက်တွင်သူဌေးက
Company သို့တော်ရုံတန်ရုံမလာတော့။အားလုံးသော
အလုပ်ကိစ္စများကို အတွင်းရေးမူးပတ်ခ်နဲ့သာလွှဲထားတတ်
သည်။အခုမှကောက်ကာငင်ကာဝင်လာသောBoss ကြောင့်
ဝန်ထမ်းတွေအားလုံးမှာပုံမှန်ထက်စည်းစနစ်ကျစွာအလုပ်
အား လျှင်လျှင်မြန်မြန်လုပ်နေတော့သည်။.

ဂျောင်ကုကသူ့ဝန်ထမ်းအားလုံးကိုတစ်ချက်သာဝေ့ကြည့်
ပြီးအတွင်းရေးမူးပတ်ခ်ရုံးခန်းထဲသို့တန်းဝင်လာခဲ့သည်။ပတ်ခ်
ဂျီမင်းမှာရုံးခန်းကိုကျောပေးပြီးမှန်ပြူတင်းပေါက်ကြီးတွေဘက်မျက်နှာမူရပ်ကာ Ph ပြောနေသည်မို့ဂျောင်ကုမနှောင်
ယှက်တော့။ငြိမ်ငြိမ်သက်သက်မတ်မတ်ရပ်ကာပြောသမျှကို
နားစွင့်ထားလိုက်မိသည်။

"ဒါပေါ့...မင့်ကိုချစ်တာပေါ့၊မင်ကသာ ဂျီကိုမချစ်တာပါနော်။
ဘယ်တော့မှဂျီအတွက်ဆိုအချိန်မအားဘူး၊Studio
အလုပ်ကို ပိုချစ်တာလား..ဂျီကိုချစ်တာလား အခုပြော...
ပြောလို့"

Thousand For Love(Completed)On viuen les histories. Descobreix ara