~31~

2.5K 286 13
                                    

ZAWGYI
********

"ချွမ်…ချွမ်…ချွမ်…ခိခိ…"

"ချလွမ်…ချလွမ်…"

ညတုန်းကတော့ ဆော့ဂျင်နဲ့ အတူ မက်ဂျူသောက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတာတော့ နှစ်ယောက်သားပင်။
အိပ်တော့လည်း ဂျွန်ဆော့ဂျင်ရဲ့ ခါးလေးကို
ရင်ခွင်ထဲ ထည့်ပြီး အိပ်ခဲ့တာပါပဲ။ ဒါပေမဲ့
လောလောလတ်လတ် ကြားနေရတဲ့ တချွင်ချွင်နဲ့
တခိခိ ရီသံတွေက နားထဲ အတိုင်းသား။

ဂျောင်ကုလည်း အရှေ့ကို မျက်မှောင်တွေ
တွန့်ချိုးပြီး စမ်းကြည့်လိုက်တော့ ဆော့ဂျင်ကို
မထိတွေ့မိပေ။ ဒါ့အပြင် ကိုယ့်အနောက်နားမှာ
တချွင်ချွင် တချွမ်ချွမ် နဲ့ တခိခိနဲ့ ရီလိုက်သေး။

"ဖြန်း!…ဖြန်း!…"

ဟ…ဘာတွေ လဲဟ ပါးတွေကိုပါ လာရိုက်ကုန်ပြီ။

ဒီတခါတော့ပိုဆိုးသည် ပါးတွေကိုပါ တဖြန်းဖြန်းနဲ့
လာရိုက်နေတဲ့ လက်သေးသေးလေးကြောင့်
မျက်မှောင်ကြုံ့မိသည်။

ဂျောင်ကုလည်း အိပ်ချင်မူးတူးနဲ့ မျက်မှောင် ကြုံ့ကာ အနောက်ဘက်ကို အိပ်နေရင်း
လှည့်ကြည့်လိုက်လေတော့ သွားနှစ်ချောင်း
ပေါ်အောင် ပြုံးနေတဲ့ ဆောယွန်းနဲ့ တွေ့လေသည်။

"ဆောယွန်း…"

ဂျောင်ကုလည်း အိပ်ချင်မူးတူးနဲ့ ကုန်းရုန်းထကာ
အသံမြည်တဲ့ ကလေးကစားစရာ ကိုင်ထားပြီး
လှုပ်ခါနေတဲ့ ဆောယွန်းကို မြှောက်ကာ ဂျိုင်းကနေပင့် ချီလိုက်လေတော့
ပြုံးနေသည်များ ပျောက်ကွယ်သွားပြီး
ကလေးပိစိက မျက်မှောင်
သေးသေးလေးကို ကြုံ့ထားပါလေရဲ့။

"လက်သံက ပြောင်တယ်နော်…သူတို့
ပါပါး အတိုင်းပဲ…"

ဂျောင်ကုဆီမှ စကားသံ ထွက်လာလေတော့
ကစားစရာလေးကို လှုပ်ခါပြကာ သွားလေးနှစ်ချောင်း ပေါ်သည်အထိ ပြုံးရီလာပြန်သည်။

"ရွှတ်!…"

"မွှေးနေတာပဲ … ဒီမျက်လုံးက ဒယ်ဒီ့မျက်လုံး
ဒီမျက်တောင်တွေက ဂျွန်ဆော့ဂျင် မျက်တောင်
ဒီနှုတ်ခမ်း တွဲတွဲ လေးတွေက အင်း…ဂျွန်ဆော့ဂျင်
နှုတ်ခမ်းနဲ့ တူတာပေါ့…ဂျွန်ဆော့ဂျင်   နှုတ်ခမ်းတော့ မဟုတ်ဘူး ဘာလို့လဲသိလား…"

I want to be....[KookJin]✔️Where stories live. Discover now