~6~

2.4K 327 31
                                    

ZawGyi
********

လူ့ ဘဝဆိုတာဒီလိုပါပဲ သံသရာလည်လျက်
ရှိတာပေါ့။ ဘဝသံသရာ ကြီးမှာ ကျနော်တို့က
ခေတ္တရောက်လာတဲ့ ဧည့်သည်တွေပါပဲ။
အကုန်လုံးကကိုယ့်ရဲ့ဘဝထဲကိုဝင်ရောက်လာပြီး
ရင်မပြောမဆိုထွက်သွားကြတာကြီးပဲ။
ဘယ်လောက်ပဲချစ်ရတဲ့သူဖြစ်နေပါစေ တန်ဖိုး
ထားရတဲ့သူဖြစ်နေပါစေ, နောက်ဆုံး အမေဖြစ်
နေရင်တောင်မှ ခွဲခွာရတာပါပဲ။

"ဖြောက်…ဖြောက်…"

အပေါ်မှမိုးရေစက်လေးတစ်စက်နှစ်စက်လောက်
ကျလာသည်မို့ ကောင်းကင်ပေါ်သို့ မော့ကြည့်
မိသည်။

"မိုး…ရွာတော့မယ်ထင်တယ်…"

မိုးရွာတော့မယ်ဆိုတော့အဆင်ပြေတာပေါ့။
ကျနော့်ရဲ့မျက်ဝန်းထက်က ကျဆင်းလာမဲ့
မျက်ရည်တွေကိုမိုးနဲ့အတူ ရောပြီး ငိုချလို့
ရတာပေါ့။

"ဂျောင်ကု…"

"…………………"

"မင်းရဲ့နာမည်ဂျောင်ကုမလား…မင်းဆီကနေ
အမြဲတမ်းသိချင်ခဲ့တာတစ်ခုရှိတယ်…မင်းက
ဘာလို့နားကြပ်ကိုအမြဲတပ်ထားတာလည်းပေါ့
မင်းပြောရခက်နေမယ့်ပုံမို့လို့… ငါပဲငါ့ရဲ့လျို့ဝှက်ချက်ပြောလိုက်မယ်"

ဆော့ဂျင်စကားဆုံးသည်နှင့် တည်ငြိမ်စူးရှပြီး
ြ့ပတ်သားလှတဲ့အကြည့်တွေက ဆော့ဂျင်ရှိရာ
သို့ စိုက်ကြည့်လာသည်။

"ငါ…ငါ့အဖေက ငါသုံးနှစ်မှာဆုံးသွားတာ
အဲ့တည်းကစပြီး ဘာမှန်းမသိရတဲ့အရိပ်မည်း
တွေကိုမြင်ရတယ်…အခုနောက်ပိုင်းဆိုပိုပြီး
ဆိုးလာတယ်…အသံတွေပါကြားရတယ်…အချို့
ကျောင်းကလူတွေဆိုငါ့ကိုပြောကြသည်
ဂင်မ်ဆော့ဂျင်နားမသွားကြနဲ့တဲ့…သူက
မကောင်းတဲ့အရာတွေကိုမြင်ရတာမို့ သူ့ နား
သွားတဲ့သူတိုင်းသေတယ်ဆိုပြီး…အရင်တုန်းက
လှောင်ကြတယ်…အဲ့ဒါကြောင့်ငါလူတွေနဲ့
နီးနီးကပ်ကပ်မနေတာ…"

"……………………"

"မင်းကော…ငါ့ရဲ့ထူးဆန်းတဲ့အကြောင်းကို
သိသွားပြီဆိုတော့…ထွက်မပြေးလောက်ဘူး
မလား…အဓိပ္ပာယ်မရှိတဲ့ကောလဟာလတွေကို
ယုံပြီး…"

I want to be....[KookJin]✔️Where stories live. Discover now