~2~

3.2K 354 24
                                    

ZawGyi

********

အရိပ်မည်းတွေမြောက်မြားစွာကိုမြင်နေရသည်။
အကုန်လုံးကကိုယ့်ကိုပတ်ပတ်လည်ဝိုင်းထား
သလိုဖြစ်နေတော့အသက်ရှူကကြပ်ချင်လာသည်
အားမွေးပြီးတော့ ထိုအရိပ်မည်းတွေကို
စူးစိုက်ပြီးကြည့်လိုက်လေတော့ မြင်လိုက်ရသော
ပုံရိပ်ကြောင့်အံ့သြပင့်သက်မိသည်။

"အဖေ…"

အဖေဆိုသောစကားသံကိုသာခနခနရေရွတ်
မိတယ်။ ထိုများစွာတော့အရိပ်တွေထဲမှ
တစ်ခုဟာ အရိပ်မည်းအဖြစ်ကနေ အဖေ့ပုံရိပ်အဖြစ်ပြောင်းလဲသွားတာကြောင့်။

"အဖေ…အဖေ…အဖေ!…"

'အဖေ'ဆိုတဲ့နာမ်စားလေးကိုသာစူးစူးဝါးဝါး
အော်ပြီးထထိုင်နေမိတာကိုသတိထားမိတော့
ဘေးဘီကိုပြန်ကြည့်မိသည်။ ငါအိပ်မက်ကနေ
လန့်နိုးတာပဲ။

အိပ်မက်ဆိုးကြောင့်တစ်ကိုယ်လုံးလည်း
ချွေးတွေကိုစိုရွှဲနေသည်။ အချိန်ကိုကြည့်မိ
လေတော့ ညနေ 5 နာရီထိုးနေပြီဖြစ်သည်
5 နာရီခွဲဆိုအမေကဆိုင်သိမ်းတော့မှာဆိုတော့
အိပ်ယာထဲက အရင်ဆုံးထလိုက်သည်။

အိမ်ကိုပြန်ရောက်ရောက်ချင်း ရေမြန်မြန်ချိုးပြီး
အကျီ င်္လဲထားတာမှန်ပေမဲ့ အိပ်ယာကထတော့
ချွေးတွေစိုနေတော့လည်းမထူးလေတော့ဘူး
အကျီ င်္အရင်ဆုံးလဲလိုက်တာပေါ့။
အကျီ င်္လဲပြီးတော့မှန်ရှေ့မှာကိုယ့်ကိုယ်ကိုယ်
ပြန်ကြည့်မိလိုက်သည် ဘောင်းဘီအပွ
အကျီ င်္ကလည်း T- shirt အပွလေးဆိုတော့
ခန္ဓာကိုယ်တောင်မမြင်ရတော့ပေ။ ဒါပေမဲ့လည်း
ရုပ်ခံလေးကချောနေတော့ ဆော့ဂျင်တို့များ
ဘာဝတ်ဝတ်ကိုကြည့်ကောင်းနေတော့တာပဲ။

အိမ်ရှေ့တံခါးကိုဖွင့်လိုက်လေပြီး
မိုးဖွှားလေးတွေကျမကျ လက်ဖဝါးလေးဖြင့်
ခံကာမော့ကြည့်မိသည်။ မိုးရေလေးတွေ
ကျမလာတော့တာ ခံစားမိသည်မို့
ထီးမယူတော့ပဲဒီတိုင်းသာထွက်လာခဲ့လိုက်သည်။

မိုးရွာပြီးကာစဆိုတော့ လမ်းပေါ်ကိုခြေလေး
ချလိုက်တာနဲ့ ရှပ်ကနဲရှပ်ကနဲဖိနပ်သံလေးကို
ကြားရပြီး မြေသင်းနံ့လေးတွေကအစနှာခေါင်း
အတွင်းသို့တိုးဝှေ့ကာနေသည်။
ကောင်းကင်ကြီးကအစ တောက်တောက်ပပနဲ့
အဝေးတနေရာကိုမျှော်ကြည့်လိုက်လျှင်
သက်တန့်ရောင်စုံလေးတွေကအစမြင်နေရသည်။

I want to be....[KookJin]✔️Where stories live. Discover now