ZAWGYI
********မနက်ဝေလီဝေလင်းလို့တောင် ပြောလို့မရပဲ
မှောင်ရိပ်တွေ ခိုနေဆဲ ဖြစ်သော အချိန်တွင်။"အာ့…"
ရုတ်တရက် ဝမ်းဗိုက်က အောင့်လာသည်မို့
သတိမထားမိလိုက်ခင်မှာပဲ အသံပြုလိုက်ခြင်း
ဖြစ်ပေသည်။ အခုတလော ဗိုက်က အရမ်းကို
နာသည် မွေးခါနီးမို့လို့လားတော့ မသိပေမဲ့။"babe…babe ဘာဖြစ်တာလဲ"
"အာ့…ဗိုက်…ဗိုက်နာလို့…"
"ဘယ်လို…မွေးတော့မှာလား…"
မောင်ကတော့ ပေါက်တက်ကရ တွေပြောပြီ
မွေးဖို့က 3 လလောက် လိုသေးတာကို
မွေးတော့မှာလား ဆိုတော့။"ပေါက်ကရတွေ…မမွေးသေးပါဘူး မောင်ရဲ့"
"အော်ဟုတ်လား…ခန မောင် ပွတ်ပေးမယ်"
ကိုယ့်ရဲ့ ဗိုက်ကလေး ရှိရာကို လက်ကလေးဖြင့်
ဖွဖွလေး ပွတ်ပေးနေသော မောင်ကြောင့်
ငြိမ်ငြိမ်လေး နေမိသည်။ အမွှာမို့လို့ ပိုပြီး
ဝေဒနာ ခံစားရတာ ထင်မိသည်။ သူများတွေက
တစ်ယောက် ကိုယ်က နှစ်ယောက်လေ။"အာ့…"
"သက်သာသွားမယ် မောင် ပွတ်ပေးမယ်
မနာစေရဘူး…စိတ်ကိုလျှော့ထား…"အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို
အတက်နိုင်ဆုံး လျှော့ထားလိုက်သည်။
မနက်မိုးလင်းသည်အထိ တစိမ့်စိမ့်နှင့်
နာကျင်နေသည်။ သို့ပေမဲ့ စစချင်း တုန်းက
လောက်တော့ မနာတော့ပေ။ထို့အပြင် ဝမ်းဗိုက်မှ ခပ်နွေးနွေး ခံစားမှုကြောင့်
မျက်ခွံများက လေးလံလာပြီး မိုးတချက်
လင်းသည်မှ အိပ်စက်ခြင်းဆီသို့ ရောက်ရလေသည်။🌼 . 🌼 . 🌼
အိပ်ရေးဝလို့ထင်သည်။ စိတ်အစဉ် ကြည်လင်
နေပြီး နေရထိုင်ရ အရမ်းကို လန်းဆန်းနေသည်။
မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်လေတော့
ကုတင်နားက အမဲရောင် အရိပ်ကလေးကို
လှမ်းမြင်ရသည်။ အမဲရောင်အရိပ်ကလေးပေမဲ့
မလန့်ပါ အခြားတော့မဟုတ် မောင်ပဲလေ။ကျောပြင်ငယ်လေးက တခုခုကို အသည်းအသန်
စာရိုက်နေသလို ခံစားရသည်။ မသိမသာလေး
ထလိုက်ကာ စာရိုက်နေသည်ကို
ကြည့်လိုက်လေတော့ ယွန်းဂီနှင့် စာရိုက်ကာ
စကားပြောနေခြင်းဖြစ်သည်။ ကြည့်ရတဲ့
ပုံစံအရ ဒီနေ့ မောင်အလုပ်မသွားပဲ ခွင့်ယူတယ်
ထင်သည်။
YOU ARE READING
I want to be....[KookJin]✔️
Romanceကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... ကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... Start_ 29.3.2022 End_ 22.6.20...