~30~

2.8K 320 32
                                    

ZAWGYI
********

မျက်ဝန်းထက်၌ ရှိနေတဲ့ မီးရောင်တွေကို
မှိုင်ဖျဖျနှင့် စိုက်ကြည့်နေမိသည်။
ကလေးကလည်း သာမန်မဟုတ် နှစ်ယောက်ဆိုတော့ ပင်ပန်းသည်လေ။
ကုတင်ထက်၌ ခနနားကာ အေးအေးလူလူပဲ
နေနေမိသည်။ ထို့နောက် မျက်လုံး ကို ဘေးဆီသို့
တချကရွှေ့မိတော့ မိုးပြာရောင် ရှပ်အကျီ င်္
လက်ရှည်ကိုမှ အကျီ င်္လက်ကို လက်ဖျံ
ခေါက်တင်းထားသည့် မောင့်ကိုတွေ့သည်။

အထူးအဆန်း အမဲရောင်ရှပ်ပဲ ဝတ်နေကြသူက
ဒီနေ့မှ မိုးပြာရောင်လေးနဲ့။ ဒါ့အပြင် နားကြပ်လေး
တပ်နေကြပေမဲ့ နားကြပ်လေးကိုလည်း
မတွေ့မိပေ။

"မောင်~…"

အသံလေး မတိုးမကျယ်နှင့် မောင့်ကို လက်လှမ်း
မှီသလောက် ခေါ်လိုက်မိသည်။ ထိုအခါ
ကိုယ့်အနားကပ်လာပြီး။

"ရတယ်ရတယ် အားမယူနဲ့ အဆင်ပြေသလို
မောင့်ကိုပြော…"

"ကြား…ကြားရလား…"

ဆော့ဂျင်က ဘာကိုဆိုလိုမှန်း မသိတာကြောင့်
မျက်ခုံးတဖက်ပင့်ကာ ကြည့်နေသော ဂျောင်ကု။
နောက်မှ ဆော့ဂျင် အကြည့်ရောက်နေသည်ကို
မှန်းဆကြည့်ပြီး။

"အော်…နားကြပ်လား…ကိုယ်ပြောင်းလိုက်ပြီ
တွဲလောင်းထက် bluetooth လိုမျိုးက ပိုကောင်းတော့ ဒီမှာဒီမှာ နားကြပ် ပိစိညှောက်တောက်လေး ထည့်ထားတယ်
သီချင်းကလည်း တိုက်ရိုက်ပဲ…"

"က…ကလေးတွေကော…"

"ကလေးထားတဲ့ အခန်းမှာ…"

ကိုယ်ပြောသည်ကို မျက်မှောင်အနည်းငယ်
ကျုံ့ကာ ပြောလာသော မောင်ကြောင့်။

"ဘာဖြစ်လို့လဲ မောင်ရဲ့…"

"ကျစ်!…ကလေးတွေကို ဒီမှာ ထားလို့ ရရဲ့
သားနဲ့ ဘာလို့ ရှုပ်ရှုပ်ယှက် ယှက်…"

အမလေး မောင်နဲ့တော့ တကယ်ကို လက်လန်ပါသည်။ သူ့ ကလေးတွေကို ဒီမှာ
အတူတူ မထားပဲ ကလေးထားတဲ့ အခန်းထဲမှာ
ထားလို့တဲ့ တကယ့်ကို လူဂွစာ။ ကလေးက
မွေးပြီးပြီးချင်း ကိုယ်တွေထက်ကို ပိုသိတဲ့
သူနာပြုဆရာမတွေက ဘယ်လိုလူပ်ရမယ်
ဆိုတာ ပိုသိတာပေါ့။ အဲ့ဒါကိုသူ့ ကလေးတွေကို
သူ့ နားမထားပေးလို့ ရှုပ်ရှုပ်ယှက်ယှက် တွေတဲ့။

I want to be....[KookJin]✔️Where stories live. Discover now