~7~

2.4K 336 33
                                    

ZawGyi
********

7  နှစ်တောင်ကြာခဲ့ပြီ သူထွက်သွားခဲ့တာ။
ကျနော့်ဆီကထွက်သွားခဲ့တယ်လို့ ခေါင်းစဉ်
တပ်ရရင်လည်းအရမ်းကိုဟာသကြီးဆန်နေမယ်
လို့ထင်တယ်။ သူနဲ့ကျနော်နဲ့ကဘာပက်သက်မှုမှ
မဟုတ်တာ ဒါပေမဲ့ ကျနော်တော်တော်ခံစား
ခဲ့ရတယ်။

ပန်းမွှားလေးတွေကြားထဲမှာ ထိုသူ့ ရဲ့ပုံရိပ်လေး
ကိုအရှင်းသားမြင်နေရသည်။ ပိုပြီးတော့ခန္ဓာကိုယ်
ထွားလာတာလား ဒါမှမဟုတ်လူမှားတာလား
အနောက်ကျောဘက်လေးပဲမြင်ရသည်မို့
မသေချာမရေရာလေးဖြစ်မိသည်။ သို့ပေမဲ့
နားကြပ်အဖြူလေးကြောင့်လည်းဇဝေဇဝါဖြစ်မိ
ပြန်သည်။ မျက်ဝန်းထက်၌အရည်ကြည်လေး
များကလည်းတဆမ်းဆမ်းဖြင့် ဝေ့တက်လာ
နေသည်။ လမ်းအချိုးအကွေ့လေးတစ်ခုမှာ
ပျောက်ကွယ်သွားသောထိုသူ့ ပုံရိပ်လေး။

မညာတမ်းဝန်ခံကြေးဆိုရင် လွန်ခဲ့သော 7 နှစ်
ကျနော်အသက် 19 နှစ်တုန်းက စိတ်ကစားပြီး
ချစ်မေတ္တာသက်ဝင်ခဲ့တဲ့ကောင်လေးကို
နောင်တချိန်ပြန်တွေ့ရင်ဘယ်လိုမှ ပြန်ပြီး
မခံစားရတော့ဘူး ထင်ခဲ့ပေမဲ့ တကယ်တမ်း
ထင်သလိုမဟုတ်ခဲ့။ အမြဲတမ်းသတိရနေခဲ့တာ
အမြဲတမ်းလည်းလွမ်းနေခဲ့မိတာ ရင်ဘတ်
ဘယ်ဘတ်ခြမ်းရဲ့အနက်ရှိုင်းဆုံးနေရာလေးမှာ
နေရာဝင်ယူသွားခဲ့တဲ့ထိုကောင်လေး။

ဒါပေမဲ့…မပြောမဆိုထွက်သွားခဲ့တဲ့ထိုကောင်လေး
ကိုလည်း စိတ်ဆိုးမိသည်။ လူကိုသံယောဇဉ်
တွယ်အောင်လုပ်ခဲ့ပြီးမှ အနားကနေထွက်ခွာ
ခဲ့တာကြောင့် စိတ်ဆိုးမိသည်။ မဖြစ်ဘူး
အကယ်၍သာ ထိုကောင်လေးနဲ့ပြန်ဆုံခဲ့ရင်
အရင်လိုဆက်ဆံရေးဖြစ်နေမှာမဟုတ်လောက်ဘူး
အေးတိအေးစက်ဆက်ဆံရေးတခုသာ။

သို့ပေမဲ့ပြန်စဉ်းစားရင်လည်း ထိုကောင်လေးက
အရင်ကတည်းက အေးတိအေးစက် ဆက်ဆံ
ခဲ့သည်မဟုတ်လား။ မဖြစ်နိုင်ခဲ့တဲ့ လူကို
ချစ်ခဲ့မိတာပဲ…အဲ့တော့ဖြတ်တောက်ဖို့ခဲယဉ်းတဲ့
သံယောဇဉ်နှောင်ကြိုးကို မလွဲမသွေဖြတ်တောက်
ရမှဖြစ်မယ်။

မစားရသေးတဲ့ခေါက်ဆွဲဘူးကိုမစားချင်တော့
သည်နှင့် အိမ်ကိုသာယူသွားဖ်ို့ဆုံးဖြတ်
လိုက်တော့သည်။ ညာဘက်လက်ထဲမှာလည်း
ခုနကတင် လောလာလတ်လတ်ဝယ်ထားတဲ့
ပန်းလေးတွေကိုဆုပ်ကိုင်လျက်ပေါ့။

I want to be....[KookJin]✔️Where stories live. Discover now