ဟန်မုန့် : "လခွမ်း ချဲယ်ကောက သဘောထားကြီးလိုက်တာ"

ကျန့်ယောင်ကမူ အပြုံးလေးနဲ့
"သူက အဲ့လိုပဲ"

ရင်းချယ်ကတော့ ထွေထွေထူးထူးအတွေးမရှိပေ၊ သူနဲ့ထန်ရှရှကြား ပြဿနာရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒါက တစ်နှစ်လောက်တောင် ကြာခဲ့ပြီဖြစ်တယ်။ ဆုချီအတွက်ကတော့ သံသယမရှင်းသေးဘူးဆိုပေမယ့် အခုကိစ္စနဲ့တော့ ဘာမှမသက်ဆိုင်ပေ။

ထန်ရှရှက ဆုချီကိုလက်ညှိုးထိုးပြပြီး
"ခုန ပြေးပြီးတော့ ဗိုက်နာလို့တဲ့၊ မတ်တပ်မရပ်နိုင်ဘူး  ဖြစ်နေတာ သူ့ကိုဆေးခန်းပို့မလို့ပေမယ့် ငါကလည်းမနိုင်တော့ နင်သယ်ပေးလို့ရလား?"

ထိုစကားကြားတော့ ကျန့်ယောင်က
"ငါကုန်းပိုးလိုက်မယ် လာ"

ရင်းချယ်က လှည့်ကြည့်လာပြီး
"မရဘူး မပိုးနဲ့"

ကျန့်ယောင် : "ငါက သန်တယ်လေ၊ ကုန်းပိုးလို့ ပိုအဆင်ပြေတယ် ငါချက်ချင်းပြန်လာခဲ့မယ်"

"မင်းက ငါ့တစ်ယောက်တည်းကိုပဲ ပိုးရမှာ"
ရင်းချဲယ်က အေးတိအေးစက်ပြောလာတယ်။
"တခြားသူတွေဆို ငါသဝန်တိုမိလိမ့်မယ်"

ထန်ရှရှ : "....."

ဆုချီ : "....."

ဟန်မုန့် : "?"

ဘာတဲ့? ခုလေးတင် သူဘာကြားလိုက်ရတာပါလိမ့်? ဒါ သူတို့အတန်းထဲက ရက်စက်တဲ့ ကျောင်းလူဆိုးမှ ဟုတ်သေးရဲ့လား?

တခနတော့ ကျန့်ယောင်လည်း ကြက်သေသေသွားတာပေါ့၊ ပြီးမှ တဖြည်းဖြည်းပူလာတဲ့ သူ့မျက်နှာတစ်ခြမ်းကို အုပ်ရင်း
"အင်း အင်းပါ ဒါဆိုလည်း"

ကောင်စုတ်လေးက ဟိုနေ့ကသူ့ပြောစကားကို နားထောင်လိုက်တာ ဖြစ်ပုံရတယ်၊ ဒါပေမယ့်လည်း ဘယ်လိုဖြစ်လို့ ကိုယ့်သေတွင်းကိုယ်တူးသလို ခံစားမိနေပါလိမ့်....
(T/n : သူပြောတဲ့ ရင်ထဲရှိသမျှစိတ်ထဲရှိသမျှ အကုန်ထုတ်ပြောဆိုတဲ့ဟာ)

ရင်းချဲယ်က ဆုချီရှေ့မှာ ထိုင်ချလိုက်ပြီး
"တက်"

Pay Attention To Me [Myanmar Translation]Where stories live. Discover now