"Gun Smile ကို ဘယ်သူလုပ်တာလဲ...ဘာဖြစ်သွားတာလဲ..."

"Mike..Mike.."

သွေးရူးသွေးတန်းနဲ့ Top Tap ကို လက်ဆွဲပြီး ပြေးလာတဲ့ Mike...ဒီအချိန်မှာ ဂိုဏ်းခေါင်းဆောင်တွေ ရင်ထဲ ဘယ်လောက်ပူလောင်နေမလဲဆိုတာ စဥ်းတောင် မစဥ်းစားရဲ...မိဘမဲ့ဂေဟာကနေ ဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့အထိ အတူတူဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတွေ။သွေးသားရင်းတွေထက် ရင်းနှီးကြတဲ့ ညီအစ်ကိုတွေ။

"Phi Gun Smile ဘာမှ မဖြစ်ပါဘူးနော် လူကြီး..."

နဂိုထဲကမှ နှလုံးမကောင်းတဲ့ ကလေးငယ်ဟာလည်း ပြိုကျတော့မယ့် မိုးလို မျက်နှာလေးဖြင့်။ဂိုဏ်းချုပ်နှစ်ယောက်ကို ကြည့်တော့လည်း ဒုဂိုဏ်းချုပ်က ဂိုဏ်းချုပ်ကို ဖက်ကာ နှစ်သိမ့်နေ၏။

"ကိုကို...ကိုကို့ကို ဘယ်သူလုပ်တာလဲ...အဟင့်ဟင့်..."

ငိုယိုပြီးပြေးလာတဲ့သူကို ကြည့်လိုက်တော့ Gun Smile ရဲ့ ကောင်မလေး...။

"ဘယ်လိုဖြစ်ရတာလဲ...love ဆီက ပြန်သွားတုန်းက အကောင်းလေ...အဟင့်ဟင့်..."

"သူ ဘာမှမဖြစ်ပါဘူး...ဘယ်လိုဖြစ်ရတာလဲဆိုတာကိုတော့ Phi တို့ စုံစမ်းနေတုန်းဘဲ...စိတ်အေးအေးထားပါ..."

"ဘယ်လိုလုပ် စိတ်အေးအေးထားမလဲ..."

Nani နဲ့ Dew လည်း ရောက်လာပြီး အခြေအနေ လာမေးကြ၏။အကုန်လုံးကတော့ အပူတွေကိုယ်စီနဲ့ Gun Smile အတွက် ဆုတောင်းပေးနေကြ၏။

"အခုချိန်မှာ အရေးကြီးတာ Gun Smile အသက်ရှင်ဖို့ဘဲ...သေမင်းနဲ့ စစ်ဘဲခင်းရခင်းရ Gun Smile ကို ပြန်ခေါ်မှာ..."

"ပြီးမှ လုပ်တဲ့ကောင်တွေကို ချေမှုန်းမှာ..."

အရေးပေါ်အခန်းထဲက ဆရာဝန်တွေရဲ့ တုန့်ပြန်မှုကို ရင်တမမနဲ့ စောင့်နေကြရ၏။တံခါးတစ်ချပ် ဖွင့်ပြီး ထွက်လာတာနဲ့ ဆရာဝန်ရဲ့ အနားကို စုပြုံပြီးရောက်သွားကြ၏။

"လူနာက Pressure တွေ တအားကျနေတယ်..သွေးလည်း လိုနေတယ်...သွေးတူတာ ဘယ်သူရှိလဲ..."

"ဘာသွေးလဲ ဒေါက်တာ..."

"AB AB..."

"ကျုပ် သွေးယူလိုက်..."

Always With You (Completed)Where stories live. Discover now