ရှောင်နျောင်နျောင် (နွေးထွေးမှုသေးသေးလေး)

Start from the beginning
                                    

သူ့ဘ၀၏ ငရဲထက်ဆိုးသောအချိန်များဖြစ်ခဲ့ပါ၏။

အမေကုနှင့်အဖေကုတို့သည် ငယ်ရွယ်စဥ်ကပင်ချစ်ကျွမ်း၀င်ခဲ့ကြပြီး လှပသည့်နေ့ရက်များကိုပိုင်ဆိုင်ခဲ့ကြသည်။ အိမ်ထောင်အြုပြီးနောက်တွင်လည်း အမေကုသည်စံပြဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့ကာ အဖေကုသည် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့သည်။

ထိုသူနှစ်ဦး၏လှပသောအချိန်လေးများသည်ကြာရှည်မခံခဲ့ပေ။

မဒမ်ကု ကိုယ်၀န်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ မဒမ်ကုသည် သူမ၏ကိုယ်တွင်းရှိကလေးငယ်ကို အလွန်ဂရုစိုက်လေသည်။ ကုသခင်ကြီးသည်လည်း သူ၏ရင်သွေးကိုလွန်စွာဂရုစိုက်ပြီး သူတို့နှစ်ဦးမျက်နှာတွင်အပြုံးများဖောဖောသီသီ ရှိခဲ့လေသည်။

သို့သော် မီးဖွားသည့်အချိန်၌ မဒမ်ကုသည်
အကြောင်းပြချက်မရှိပါပဲ နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့၏။ ကုသခင်ကြီး၏ ကမ္ဘာသည် ပြိုပျက်သွားခဲ့လေသည်။ ကုသခင်ကြီးသည် သူသားအပေါ်တွင်အေးစက်စက်သာဆက်ဆံလေသည်။ သူ့သားထံတွင် သူမနှင့်တူသည့်မျက်ဝန်းများရှိပြီး သူမကဲ့သို့ပင်ခေါင်းမာလှသည်။ ထိုအချက်က သူ့ကိုသူမအားပို၍ပို၍ သတိရလာစေသည်။

သူမကိုသတိရလေလေ သူ့သားအားပစ်ထားလေလေဖြစ်လာခဲ့သည်။ ဤသို့နှင့်ကုသခင်ကြီးနှင့်ကုမင်ယန်တို့သည်ဝေးကွာခဲ့ကြလေသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ သူ့သားကိုအချစ်ဆုံးဖြစ်၏။

"မင်း လေ့ကျင့်ရေးစခန်းကိုသွားရမယ်
အခုအထုပ်ပြင်ထားတော့"

ကုသခင်ကြီး၏ တစ်ချက်လွှတ်အမိန့်အောက်တွင် ကုမင်ယန် ဘာမျှငြင်းဆန်ပိုက်ခွင့်မရှိခဲ့။
လေ့ကျင့်ရေးစခန်းဟူသည် သက်ရှိငရဲလိုပင်ခက်ခဲပင်ပန်းလှသည်။ အာဖရိကနှင့်အမေဇုန်တောတစ်လျှောက်တွင် လေ့ကျင့်ရေးဆင်းကြရသည်။

စစ်ရေး အသတ်အဖြတ် တိုက်ခိုက်ရေး စသည်ဖြင့်နည်းဗျူဟာပေါင်းစုံကိုသင်ကြားပေးရာဖြစ်သည်။ သို့သော် အသက်အာမခံမရှိ။ ကုသခင်ကြီး၏ သားဖြစ်နေလျှင်တောင်မှ ချွင်းချက်မရှိပေ...

You've reached the end of published parts.

⏰ Last updated: Feb 08 ⏰

Add this story to your Library to get notified about new parts!

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now