အဆုံးမဲ့သော

695 79 0
                                    

နွေးထွေးမှုသည် မှောင်အေးစက်နေသော ပတ်ဝန်းကျင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားသည်။ ထိုအေးစက်နေသော ပတ်ဝန်းကျင်၌ ထက်ရှသောအရာများသည် သာ့ကိုယ်ထဲသို့ တတိတိတိုးဝင်၍လာနေသည်။ သူယခုရောက်နေသော ပတ်ဝန်းကျင်ကို ရှင်းလင်းစွာခံစား၍မရသော်လည်း သူ့ကိုယ်ပေါ်သို့ထိုးဖော်ဝင်ရောက်လာသည့်နာကျင်မှုများကိုတော့ သူအသေအချာကိုခံစား၍ရသည်။

သူ့ငယ်စဥ်ကလေးဘဝတုန်းကလိုပင်
မှောင်မည်းသော လမ်းကြညးထဲ၌ ဆာလောင်စွာပြေးလွှားနေရသည်။အခန်းထဲ
ထဲတွင် စိုထိုင်းထိုင်းရှိနေကာ လေကောင်းလေသန့်လည်းမရပေ။ သူယခုအချိန်မှာ အမြင့်တစ်နေရာကနေ၍ အဆုံးမဲ့သောခြေက်တစ်ခုထဲသို့ ပစ်ချခြင်းခံလိုက်ရသလို
ခန္ဓာကိုယ်သည် အရှိန်ပြင်းပြင်းနှင့် ကျနေပြီး
သူအသက်ပင်မရှူနိုင်တော့။
ချွေးစေးများထွက်လာပြီး အသံတစ်သံအော်ဟစ်အကူအညီတောင်းဖို့ပင် သူသိပ်ကိုပင်ပန်းခွန်းနေပြီ။

တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်
စည်းချက်မကျသည့် အသက်ရှူသံမြန်မြန်တို့ ထွက်ပေါ်လာသည်။ နာကျင်မှုကြောင့် သူ့မျက်ခုံးများ ထိစပ်လုမတတ်ကျုံ့လာပြီး
နှုတ်ဖျားမှလည်း မပြီဝိုးတဝါးရေရွတ်နေ၏။

သူ၏နဖူးပေါ်သို့ အေးမြသောမိုးများရွာကျလာသလို အေးမြမှုကိုခံစားရသည်။ သူ့နဖူးပေါ်မှချွေးစေးများကို တစ်စုံတစိယောက်သုတ်ပေးနေသည်ဟုခံစားမိသ်။
သို့သော် သူ့ပတ်၀န်းကျင်တွင် မည်းမှောင်၍သာနေသည်။ ရှင်းရှင်းလင်းလင်းခံစား၍ ရသော်လည်း မမြင်နိုင်....

မိုးရေကျသံများကို သူကြားနေရသည်။
သစ်ရွက်လေးများလှုပ်ရှားသံ...
နောက်ပြီးသာယာသည့်တေးဆိုသံ.....

အိပ်မက်ကမ္ဘာတွင်ဖြစ်ပျက်နေမှုများ၌
စျာန်၀င်စားနေသော သူသည်အပြင်၌ ဖြစ်ပျက်မှုများကို လုံး၀မသိပါချေ။
အ၀တ်ရေညှစ်ရာမှ ထွက်ပေါ်လာသည့်အသံနှင့် သူမဟိုစမ်းသည်စမ်းသွားနေရာမှထွက်ပေါ်လာသံတို့သည် အခြားသူ၏အိပ်မက်ကမ္ဘာသို့ထိုးဖောက်သွားသည်ကိုလည်း
မာရှောက်အိုမသိလိုက်ပါချေ။

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now