အတိတ်သို့...

418 42 9
                                    

နေရောင်ခြည်၏အနွေးဓာတ်သည် မှန်ပြတင်းမှတစ်ဆင့် အိမ်အတွင်းသို့ကျရောက်နေသည်။

မာရှောက်အို ထိုင်ခုံတွင်ထိုင်ရင်း
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေမိသည်။
သူမစိတ်ဖြတ်နိုင်လိုက်ပြီထင်သော်လည်း
လက်တွေ့ရင်ဆိုင်ရချိန်တွင် သူမထင်သလိုဖြစ်မလာကြောင်းသိရ၏။
ထိုလူကို သူမအသည်းနစ်အောင်အထိချစ်ခဲ့ပါသော်လည်း နောက်ဆုံးပြန်ရလိုက်သည်က သစ္စာမဲ့မှုများသာ....

ထိုလူနှင့်အတူ ပျော်ခဲ့ရဖူး၏။
အတူတူ ငိုခဲ့ရဖူး၏။ သူ၏လှပသောအပြုံးများကြောင့် သူမလည်းပြုံးခဲ့ဖူးပါ၏။
ထိုအရာများအားလုံးသည် အတိတ်၏ အမှုန်အမွှားလေးများသာ ဖြစ်တော့သည်။

စားပွဲပေါ်တွင်တင်ထားသော ရေခွက်ထဲမှရေကိုသောက်ရင်း အပူကိုငြိမ်းစေရန်တတ်နိုင်သလောက်ရှာဖွေမိနေသည်။
သူမထိုလူနှစ်ဥိးကို မုန်းပါ၏။
နောက်တစ်ကြိမ်လမ်းတွင် ထပ်မတွေ့ချငိတော့သည်အထိ ။ အိပ်မက်ထဲမတော်တဆပါခဲ့လျှင်ပင် သူမဆက်မအိပ်ဘဲနေကာ ထိုအိပ်မက်မျိုးကိုတားဆီးရန်ကြိုးစားမိ၏။

ရှို့ယာယာသည် သူမ၏အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့၏။ ကျောင်းပြောင်းလာသည့်ကျောင်းသူအသစ်အနေနဲ့ ပထမဆုံးစတင်ခင်မင်ခဲ့သည့်  ရှို့ယာယာသည် သူမအတွက်အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့သည်။
ထို့အတူ နွေဦးလိုနွေးထွေးသည့်အပြုံးပိုင်ရှင် နျန်ကျန်းရန်သည်လည်း သူမအတွက်အားကိုးရာ ချစ်ရသူဖြစ်ခဲ့သည်။
သို့သော် ယခုတွင်တော့ အရာရာသည် အပိုင်းအစများအဖြစ်ပြန့်ကျဲသွားလေပြီ။

ကုမင်ယန်သည် မာရှောက်အိုဘေးတွင်၀င်ထိုင်ကာ သူမခေါင်းလေးကိုဖွဖွပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။

"မင်းအဆင်မပြေဘူးလား"

ငိုချင်နေသောကလေးသည် အားကိုးရာပခုံးရှာသည်ဟူသည့်အတိုင်း ကုမင်ယန်မေးလိုက်သည့်အခါမှ မာရှောက်အိုငိုလာတော့သည်။

"ကျွန်မသူတို့ကိုမုန်းတယ် "

"မုန်းတယ်ဆိုရင်မုန်းလိုက်လေ
အတ်ိတ်တွေကိုပြန်ပြီး သတိရစရာမှမလိုတာ"

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားजहाँ कहानियाँ रहती हैं। अभी खोजें