မဖိတ်ခေါ်ထားသောသူများ

612 58 8
                                    

နံနက်ခင်းအလင်းရောင်သည် တံခါးမှထိုးဖောက်ကာ၀င်ရောက်လာသည်။
နွေးထွေးသောနေရောင်ခြည်သည် မာရှောက်အို၏မျက်နှာက်ိုပွတ်ကာသီကာကျီဇယ်သမှုပြုသွား၏။ လေနုအေးကလေးကလည်း ကုမင်ယန်၏ဘေးနားကိုဖြတ်လျှောက်သွားကာ ကလူသွားသေးသည်။

ပတ်တီးများနှင့် လူကောင်ကြီးကြီးတစ်ယောက် အသားညိုညိုနှင့်ပိန်ညှက်သည့်မိန်းကလေးတစ်ယောက်တို့သည် တူညီသည့်အချိန်၌ပင်နိုးထလာခဲ့ကြသည်။
ကုမင်ယန်အိပ်ရာမှထကာ ရေချိုးခန်းဆီသို့သွားလိုက်သည်။ သူမမနေ့ညကပေးသည့် ဧည့်သည်ခန်းသည်တော်တော်အဆင်ပြေလှသည်။ သူ့အနေနဲ့  ထိုင်ခုံရှည်မှာသာ ဆက်အိပ်ရမည်ဆိုလျှင် ဒဏ်ရာကြောင့်မသေဘဲ ကွေးကွေးလေးအိပ်ရ၍သေသွားလောက်သည်။

သူတို့နှစ်ယောက် မနက်စာစားပြီးနောက်
မာရှောက်အိုက သူ့ကိုနှုတ်ဆက်ကာ အိမ်ရှေ့ရှိဆိုက်ကိုသွားခဲ့လေတော့ငည်။
မျှော်လင့်မထားစွာပင် အိမ်ကြီးကတိတ်ဆိတ်သွားသယောင်.....

သူပျင်းနေ၍ အင်ကျီ၀တ်ကာ အိမ်ရှေ့ရှိဆိုင်ကိုသွားရန်ဆုံးဖြတ်လိုက်သည်။
သူ့အတွက် ကလေးမလေးထုတ်ပေးသွားသည့် ၀တ်စုံမှာ သူ့အဖွား၏၀တ်စုံများဖြစ်လောက်သည်။ အပွင့်ကြီးကြီးများပါသည့်
ဘောင်းဘီနှင့် အင်္ကျီအပွကြီးဖြစ်၏။
၀တ်ပြီးနောက်မှန်းထဲကြည့်လိုက်သည့်အခါ
သူ့ပုံစံကရယ်ချင်စရာဖြစ်နေ၏။ သို့သော် ဘာမျှ၀တ်စရာမရှိသည်ထက် တော်ပါသေးသည်။

သူသည် အဖွား၏အင်္ကျီပွကြီးများကို သက်သောင့်သက်သာဖြစ်စွာ၀တ်ဆင်ထားပြီးနောက် အိမ်ရှေ့သို့ထွက်လာလိုက်သည်။ သူမနေ့ကမြင်တွေ့ခဲ့သည့် ပန်းပင်များအတိုင်းပင် ....

လာဘ်၀င်ပင်ကြီးနှစ်ပင်အောက်က ထွက်လိုက်သည့်အခါ အသားများနှင့်ဆောက်ထားသည့် ချစ်စဖွယ်နေရာလေးကိုတွေ့လိုက်ရသည်။ အညိုရောင်အသားချပ်များက တည်ငြိမ်သည့်အသွင်ကိုဆောင်နေကာ
အပြင်၌ချိတ်ထားသည့် ပန်းအိုးအသေးလေးများက တမူထူးခြားစေသည်။

ဘေးဘက်တစ်ခြမ်းနှင့်အရှေ့ဘက်ကို အတွင်းမြင်မှန်များဖြင့်ကာရံထားလေသည်။ထို့ကြောင့်အတွင်းထဲရှိ လှုပ်ရှားမှုတိုင်းကိုသူမြင်နေရသည်။ မာရှောက်အိုသည် ပန်းကလေးများကို ယုယုယယကိုင်တွယ်ရင်းစည်းနေသည်။ သူမ၏လုပ်ဆောင်ပုံက သေသပ်ပြီးလှပသည်။ ဘေးနားကသူမရဲ့အကူက သူမပြောသမျှပန်းပွင့်တွေထဲက အနာအဆာမပါသည့်ပန်းပွင့်များကိုရွေးလို့ပေးနေသည်။ သူမသည်ပန်းစည်းခြင်းကိုနှစ်နှစ်နဲနဲသဘောကျဟန်တူသည်။ အမြင်အာရုံမကောင်းတော့တာတောင် သုမ၏လက်များကတော့ အကျင့်ပါနေသည့်အတိုင်း လှုပ်ရှားလို့နေစဲသာ။

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now