သွေးညှီနံ့များနှင့်ထိုလူသား

1.1K 81 3
                                    

Aမြို့တော် Zစီရင်စု၏ မြို့ပြင်ရပ်ကွက်တစ်ခုတွင်ဖြစ်သည်။

ညသည်အမှောင်ထုကိုအပြည့်အ၀ထောက်ပံ့ပေးထားပြီး ကောင်းကင်တွင်ကြယ်ကတစ်ပွင့်နှစ်ပွင့်သာရှိသည်။ မိုးတိမ်များက ထူထပ်သိပ်သည်းနေပြီး မိုးဓာတ်နှင့်အတူ
အေးမြသောလေတို့က ခန္ဓာကိုယ်ပေါ်သို့အကြမ်းပတမ်းဖြတ်တိုက်သွားသည်။
ဝေးကွာသောအနေအထားဖြင့် အစီအရီရှိနေသောလမ်းဘေးမီးတိုင်များသည် လမ်းကိုမြင်နိုင်ရုံမျှသာ အလင်းရောင်ပေးနေကြ၏။

ထိုလမ်းမပေါ်တွင် ရှည်သွယ်သောအရိပ်တစ်ခုသည် တရိပ်ရိပ်ရှေ့တိုး၍လာနေသည်။
အနောက်အတော်လှမ်းလှမ်းမှ ကားသံများနှင့်အတူ လူတစ်စု၏ "မလွတ်စေနဲ့"ဟူသောအော်သံကပ်ပါလာသည်။ အမှောင်ထုနှင့်တိတ်ဆိတ်ခြင်းကြီးစိုးနေသောညသည်
ကားသံ လူသံများ ကားမီးရောင်များနှင့်ဆူညံလှုပ်ရှားသွားသည်။

ဤပတ်၀န်းကျင်ရှိလူများအတွက် ထိုကိစ္စသည်အထူးအဆန်းဖြစ်မနေတော့ပါချေ။
'အကယ်၍ မင်းသာညအချိန်မတော်ကြီး
ကားသံနဲ့လူသံ ဆူညံလာတာကိုကြားမယ်ဆိုရင် မင်းအိမ်ကမီးလုံးတွေအကုန်ပိတ်ပြီး
တိတ်တိတ်ကလေးနေပါ။ ဒါကမင်းကို အန္တရာယ်ကနေ ရှောင်ကွင်းစေပါလိမ့်မယ်'

ထိုကားသံများကြားသည်နှင့် လူတိုင်းအိမ်ရှိမီးများကိုပ်ိတ်လိုကိကြသည်။
ရုတ်ချည်းမှောင်မည်းသွားသောပတ်၀န်းကျင်၌ ဝါကျင့်ကျင့်လမ်းဘေးမီးများနှင့်
ရှည်သွယ်သောအမျိုးသားတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

ပတ်၀န်းကျင်ကိုကြည့်ကာ ထိုအမျိုးသားသည် စိတ်ပျက်စွာ ကျစ်'ခနဲဆုတ်သတ်လိုက်သည်။ သူ့တွင်ဆက်ပြေးရန် အင်အားမကျန်တော့ချေ။ နာကျင်နေသောကိုယ်လုံး
နှင့်အတူ ဝမ်းဗိုက်နှင့် ပခုံးစပ်မှဒဏ်ရာတို့ကလည်း သွေးအများကြီးထွက်နေပြီဖြစ်သည်။

လမ်းသွယ်တစ်ခုထဲသို့ချိုး၀င်သွားပြီးနောက်
အိမ်တစ်အိမ်ရှေ့ရှိ အ၀တ်လှမ်းရာနေရာမှ အင်္ကျီတစ်ထည်ယူကာ  သွေးထွက်နေမှုတို့ကို အတတ်နိုင်ဆုံးထိန်းထားလိုက်သည်။
နောက်ထပ် ၅မိနစ်လောက်အထိ သူ့သွေးများက အပြင်ကိုစိမ့်ထွက်ကာ မြေကေါ်သို့ကျလိမ့်ဦးမည်မဟုတ်။ ဤနည်းဖြင့် သူ ထိုလူများအားမျက်ခြေဖျက်နိုင်လိမ့်မည်။

ဒီရုပ်ဆိုးဆိုးမိန်းကလေးက Bossရဲ့အားနည်းချက်တဲ့လားWhere stories live. Discover now