"မငိုနဲ့တော့...နောက်ခါ ဒီလိုထပ်မဖြစ်စေရဘူး...နော်..."

"ကတိပေးလား..."

"ကတိပေးတယ်...ဘာမှထပ်မဖြစ်စေရဘူး...."

"အဲ့ကောင်တွေကို လက်စားချေအုံးမှာ..."

"လုပ်ရမှာပေါ့..."

"Bright က အစီအစဥ်ဆွဲပြီးမှ လုပ်မယ်တဲ့..."

"အင်း သူက စေ့စေ့စပ်စပ် လုပ်နေကြဘဲလေ...."

"အင်း.. အဲ့ဒါဆို..ထမင်းဆက်စားကြမယ်...."

နောက်ဆုံး ဒီဘူတာဘဲ လာစိုက်တဲ့ လောရှည်ကောင်ရယ်ပါ...။ဝမ်းနည်းပြီးသာ ငိုတယ် သူ့ကို ထမင်းကျွေးဖို့တော့ မမေ့။မစားချင်တော့လို့ စကားလမ်းကြောင်း လွှဲနေပါတယ်ဆိုမှ...။

"မောင့်! ..."

"ဟား..ဟား..."

ခုနက ဆူညံသံတွေ၊ ငိုသံတွေ လွှမ်းခြုံနေတဲ့ ဆေးရုံခန်းဟာ အခုတော့ ရယ်မောသံတွေနဲ့ ပြည့်နှက်နေပြန်၏။ တကယ်လည်း တတ်နိုင်ကြတဲ့ ဂိုဏ်းခေါင်းဆောင်တွေပါဘဲ...။

"ကြားသုံးကြား မဝင်ကောင်းဘူးတဲ့ ငါ့အထင်တော့ ဂိုဏ်းခေါင်းဆောင်တွေ ကြားတော့ အဆိုးဆုံးဘဲ...."

*****

Gun Smile တစ်ယောက် ကောင်မလေးကို အိမ်ပြန်ပို့ပေးခဲ့ပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်လာခဲ့လိုက်၏။ဆရာဝန်လောင်းလေး ဖြစ်တဲ့ ချစ်သူ loveကို သူ့မှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရ၏။ကိုယ်တောင် မထိရက် မကိုင်ရက်နဲ့ ချစ်နေရတာကို ကောင်မလေးက ဂိုဏ်းထဲ ဝင်မလို့တောင် လုပ်နေ၍ Gun Smile မှာ မနည်းတားနေရ၏။ဒါတောင် သူ့ကို တစ်ခုခုဖြစ်တာနဲ့ လှမ်းပြောပါတဲ့လေ...။ love က အိမ်ရှေ့နားရောက်ခါနီးတော့ သူ့ကို ပြုံးပြရင်း နှုတ်ဆက်၏။

"ကိုကို ဂရုစိုက်ပြန်အုံးနော်..."

"အင်း love လည်း ဝင်တော့...ကြည့်နေမယ် သွား..."

ထုံးစံအတိုင်း နဖူးလေးပေါ် အနမ်းခြွေပြီးမှ နှုတ်ဆက်ကာ ပြန်တာကြောင့် ဒီအပြုအမူဟာ သူတို့နှစ်ကြား လုပ်ယူစရာတောင် မလိုတော့။ဒီရက်ပိုင်း အသွားအလာဆင်ခြင်နေကြရပေမယ့် ကောင်မလေးကိုလည်း စိတ်မချတာကြောင့် သူကိုယ်တိုင်ဘဲ အကြိုအပို့လုပ်ပေးဖြစ်တာ...နာရီကြည့်လိုက်တော့ နောက်တစ်နာရီဆို ဒုဂိုဏ်းချုပ်ခေါ်ထားတဲ့ အစည်းအဝေး စတော့မှာ...။မာဆာယာကို ဖြိုချဖို့ ဒုဂိုဏ်းချုပ်က အစီအစဥ်တွေ ဆွဲမယ်လို့ ပြောပြီး ခေါင်းဆောင်တွေကို အစည်းအဝေးခန်းထဲ စုဝေးစေတာ ဖြစ်၏။ဂိုဏ်းက တိုးတက်ပြီး ကျယ်ပြန့်လာတာနဲ့အမျှ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Gun Smile တို့မှာလည်း အလုပ်တွေ များလာရ၏။အရင်က ဂိုဏ်းသားတွေကို လေ့ကျင့်ပေးရတဲ့ အပိုင်းကို တာဝန်ယူရပြီး အခုနောက်ပိုင်းမှာ  ဂိုဏ်းချုပ်က ဂိုဏ်းခေါင်းဆောင်တွေကို စီးပွားရေးလုပ်ငန်းတွေကို လက်ခွဲလုပ်စေ၏။အသက်ငယ်ငယ်နဲ့ စီးပွားရေးလုပ်ငန်းတွေရော ဂိုဏ်းကိစ္စတွေရော ဦးဆောင်နေတဲ့ သူတွေဖြစ်တာကြောင့် White Dragons ဂိုဏ်းကို မျက်စိကျနေကြတာ ဖြစ်၏။ဂိုဏ်းချုပ်က ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ မနားမနေ ကြိုးစားခဲ့ပြီး ဂိုဏ်းသားတွေရဲ့ ဘဝကို အဆင့်အတန်း မြှင့်တင်ပေးခဲ့တာ...။
ဆိုင်ကယ်မောင်းရင်း အတွေးတွေ ပျံ့လွင့်နေရာမှ မျက်စိရှေ့ ရိပ်ခနဲဝင်လာတဲ့ အရာတစ်ခုကြောင့် ခေါင်းကို ငုံ့ကာ ရှောင်လိုက်ပြီး ဆိုင်ကယ်ရပ်ကာ ပတ်ဝန်းကျင် အနေအထားကို စစ်ကြည့်လိုက်၏။Gun Smile က ဂိုဏ်းကို ပြန်တဲ့လမ်းပေါ်မှာ ဖြစ်ပြီး ပုံမှန်ဆို လူအသွားအလာရှိပေမယ့် ဒီနေ့တော့ လူရှင်းနေ၏။ဆိုင်ကယ်ပြန်မောင်းထွက်မယ်လုပ်တော့ ချက်ချင်းဆိုသလို သစ်ပင်နောက်တွေကနေ ထွက်လာတာတဲ့ မာဆာယာရဲ့ လူများ...။ဓားရှည် ကိုယ်စီကိုင်ထားကြပြီး မျက်နှာတွေ ဖုံးအုပ်ထားပေမယ့် ဝတ်စုံကို ကြည့်ပြီး မာဆာယာက လူတွေဆိုတာ သိသာစေ၏။ထိုသူတွေက Gun Smile ရဲ့ ပတ်ပတ်လည်မှာ နေရာယူထားကြပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့်။မာဆာယာလူမျိုးစုတွေက ဂျပန်နွယ်ဖွားတွေ ဖြစ်တာကြောင့် ထူးထူးခြားခြား ဓားရှည်သုံးတတ်တဲ့ သူတွေ ဖြစ်၏။သူတို့ဘက်က ပြတ်ပြတ်သားသား သုတ်သင်ရှင်းလင်းမယ့် သူမှသာ ဓားရှည်နဲ့ တိုက်ခိုက်တတ်တယ်လို့လည်း ကြားဖူးထား၏။Gun Smile လူတွက်ကြည့်လိုက်တော့ စုစုပေါင်း အယောက် (20)ခန့် ရှိ၏။

Always With You (Completed)Where stories live. Discover now