PART-15

1.4K 149 35
                                    

UNICODE

ဂျောင်ကုတစ်ယောက် ထယ်ယောင်းကိုစောင့်နေမိသည်။ ပုံမှန်ဆိုအစောရောက်လေ့ရှိသည့်ထယ်ယောင်းကအခုထိပေါ်မလာသေး။ ကားမှတ်တိုင်ဘေးတွင်မတ်တပ်ရပ်ရင်းဟိုဟိုဒီဒီငေးကြည့်နေမိသည်။ မကြာလိုက် မိုးရွာချလာလေတယ်~

" ဒီမိုးတွေကအချိန်အခါမဟုတ်အရမ်းရွာတတ်တာပဲ။ သူဘာလို့အရမ်းနောက်ကျနေရတာလဲ? "

ဂျောင်ကုမိုးရေထဲသို့လက်ကလေးဖြန့်ရင်းတစ်ယောက်ထဲစကားဆိုနေမိတယ်။ အေးစက်စက်အထိအတွေ့ လက်ဖဝါးပေါ်တစ်ပေါက်ပေါက်ကျလာတဲ့ရေစက်တွေကိုကြည့်ရင်းစိတ်ထဲလေးပင်လာသည်ကတော့အမှန်ပင်။

' တီ တီ တီ~ '

အင်္ကျီအတွင်းအိပ်ကပ်ထဲမှဖုန်းလာသည်မို့ ယူကြည့်မိတော့ ထယ်ယောင်းဆီကပင်။

" ဘာလို့မလာသေးတာလဲ! ဒီမှာမိုးတွေရွာနေတယ်ဆိုတာမင်းသိရဲ့လား! "

တစ်ဖက်ကတုန့်ပြန့်သံကစိုးရိမ်မှုရောစိတ်ဆိုးနေသံပါရောယှက်နေသည်မို့ ထယ်ယောင်းနှုတ်ခမ်းပါးလေးကခပ်သဲ့သဲ့လေးပြုံးလိုက်မိသည်။

သူ့အရှေ့မှာအလုပ်လုပ်နေသည့်သူနာပြုအားကြည့်ရင်း ဂျောင်ကုအားစကားပြန်ဖြေလိုက်တယ်။

" ကိုယ်အခုဆေးရုံရောက်နေတယ် "

" မင်း... ထယ်ယောင်း ဘာဖြစ်လို့လဲ! ငါ့ကိုအခုပြော ငါလာခဲ့မယ် "

" စက်ဘီးမှောက်တာလေးပါပဲ ခြေထောက်ထိခိုက်သွားတာလေးပဲ ကျန်တာဘာမှမဖြစ်ဘူး "

" အခုဘယ်မှာလဲ? "

///

အထဲကိုဝင်ဝင်ခြင်းပင်နှာခေါင်းထဲတိုးဝင်လာတဲ့စိမ်းရွှင်ရွှင်အနံ့ကြီး။ ဒီအနံ့တွေကိုအရမ်းမုန်းတယ်။ ကောင်တာမှာ အမျိုးသမီးတစ်ယောက်ကိုထယ်ယောင်းရဲ့အခန်းမေးပြီးအပေါ်ကိုတက်လာခဲ့လိုက်တယ်။ အခုထိရင်တွေတုန်နေတုန်းပင်။

တံခါးကိုဆွဲဖွင့်လိုက်တော့ ကုတင်ပေါ်မှာအသင့်ထိုင်စောင့်နေတဲ့သူချစ်ရသူ။

" ဂျွန်ငယ် ဘယ်လိုဖြစ်လို့တန်းလာရတာလဲ? မင်းကိုမိုးစက်တွေစိုကုန်ပြီလေ "

ONE+TWO=Winner//VK✔Where stories live. Discover now