PART-10

1.7K 194 137
                                    

UNICODE

" ဗွမ်း "

ထယ်ယောင်းတို့ရဲ့အော်ဟစ်သံလေးကတစ်နေရာရောက်တော့အတိပျောက်သွားလေသည်။ ဖြတ်လမ်းရဲ့လမ်းတွေကိုလွဲကာ ခြေဦးတည့်ရာပြေးလာခဲ့ပြီး ရေကန်လေးတွေ့သည်မို့နှစ်ယောက်လုံးရေကန်ထဲခုန်ဆင်းလိုက်ကြသည်။

တောပျားတွေကရေထဲထိလိုက်မလာတော့တာမို့ တစ်အောင့်ကြာတော့နှစ်ယောက်လုံးရေထဲကနေကုန်းတက်လာကြလေတယ်။

" အဟွတ် အဟွတ် "

" အားးရှ် "

ဂျောင်ကုမှာရေကန်ထဲရုတ်တရက်ခုန်ချလိုက်သည်မို့နှာခေါင်းထဲရေတွေအဆက်မပြတ်ဝင်ကုန်တာကြောင့်ရေမွှမ်းလေသည်။ ရေကန်ထဲကထွက်ရင်လည်းပျားတုပ်မည်စိုးတာကြောင့် ရေထဲမှာအောင့်အီးပြီးနေခဲ့ခြင်းပင်။ အခုတော့ချောင်းတဟွတ်ဟွတ်ဖြင့်ဆိုးနေသည်မှာ သွေးပါအန်လာမည်ကိုစိုးရိမ်​နေရသည်။

နီရဲနေတဲ့နှာခေါင်းလုံးလေးနဲ့မျက်ခမ်းစပ်တွေပါရဲတက်နေပုံကရေမွှန်းသွားတာတော်တော်ဆိုးသွားပုံပင်။ တစ်ကိုယ်လုံးရေစိုနေသည်မှာကြွက်စုတ်လေးအလားပင်။ ဝတ်ထားသည့်အင်္ကျီမှာလည်းခန္ဓာကိုယ်နှင့်ကပ်နေသည်မှာအမြင်ကပ်စရာပင်။ တန်ဖိုးထားသည့်သစ်တော်သီးကိုပေါ်သွားမှာကိုစိုးရိမ်နေရသည့်အဖြစ်။

" ဟတ်ချိုး "

ဂျောင်ကုရဲ့နှာချေသံပိစိလေးကထယ်ယောင်းကိုအူယားစေသည်။ ရေစိုနေသည့်ခေါင်းလုံးလေးကိုရှည်သွယ်သွယ်လက်ချောင်းလေးများဖြင့်ထိုးဖွပေးမိသည်။

" ရတယ်...ဖယ်ပေး "

ထယ်ယောင်းရဲ့လက်တို့ကိုဖယ်ကာ ဟိုဘက်ကိုလှည့်သွားသည်က ထယ်ယောင်းအားစိတ်ဆိုးနေသေးသည့်ပုံပင်။ ကိုယ်လေးကိုလက်နှစ်ဖက်ဖြင့်ယှပ်ကာကိုယ့်လက်မောင်းကိုယ်သာပွတ်နေသည့်ပိစိလုံးလေး။

" ကြည့်ရတာ လမ်းပျောက်ပြီထင်တယ်~ "

" ငါမှတ်မိတယ် "

ဂျောင်ကုကထိုသို့ပြောပြီးရှေ့ကနေကျုံ့ကျုံ့လေးဖြင့်ထွက်သွားလေတော့ထယ်ယောင်းမှာအူယားမှုကပြောမပြတတ်အောင်ပင်။ စိုရွဲနေသည့်အင်္ကျီတွေကြောင့်လည်းစိတ်ပူမိသည်။ အအေးပတ်ပြီးဖျားမည်ကိုသူစိုးရိမ်သည်။

ONE+TWO=Winner//VK✔Where stories live. Discover now