PART-9

1.5K 184 160
                                    

UNICODE

" ထယ်ယောင်း ဒီနေ့ရှုတင်နားတယ်တဲ့ "

" ဘာလို့လဲ? ဂျောင်ကုရော "

" ဒီနေ့ ဒီဘက်ကရွာခံဘက်တွေဆီသွားမယ်လို့ပြောတယ်။ ဂျောင်ဂုလည်းခုလေးတင်အဝတ်လဲဖို့ထွက်သွားတယ် "

" အာ~ "

ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီးသူလည်းထိုနေရာမှထွက်လာခဲ့သည်။ ရှေ့သို့လှမ်းနေသည့်ခြေလှမ်းတွေကိုနောက်သို့ပြန်ဆုတ်ကာဟိုဆော့အားစကားပြန်စသည်။

" ဂျောင်ကုရောလိုက်သွားမှာမို့လား "

" အင်းလေ "

" ကျွန်တော်လည်းလိုက်မယ် "

အစကမလိုက်ရန်တွေးထားသော်လည်းပြန်စဥ်းစားကြည့်မိတော့ပိစိလေးလည်းလိုက်မည်မဟုတ်ပါလား။ ဒီတော့က သူလည်းလိုက်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

ပိစိလေးကိုသူ့မျက်စိအောက်ကနေကိုအပျောက်မခံနိုင်ဘူး။ ရွာခံဘက်ဆိုတော့လမ်းခရီးလည်းကြမ်းမှာမို့ ပိုလို့တောင်စိတ်မချသေး~

ထိုသို့ဖြင့် ပြင်ဆင်ပြီးရင်း ထယ်ယောင်းရယ်ဂျောင်ဂုရယ် ဒါရိုက်တာဘိုဂမ်ရယ်နဲ့အတူ အဖွဲ့သားငါးယောက်တို့ဖြင့်ရွာဘက်သို့ဂျစ်ကားလေးနှစ်စီးဖြင့်ထွက်သွားလေသည်။

ဟိုဆော့မှာကမ်းခြေတွင်ပဲအချိန်ဖြုန်းရန်အတွက်နေခဲ့ခြင်းကြောင့်ယွန်းဂီမှာဂျောင်ကုအားအတင်းတောင်းပန်ကာ ဟိုဆော့နဲ့နေခဲ့လေသည်။

///

' ဒုန်း ဒုန်း ဂျက်ဂျက် '

လမ်းခရီးကြမ်းလွန်းသောကြောင့် ဂျစ်ကားလေးဟာတောလမ်းခရီးတစ်လျှောက်ခလုတ်ကသင်းတွေကြောင့် အသံမြည်အောင်ခုန်နေလေရဲ့။

ရထားသံမဟုတ်ရပါ:")

ထယ်ယောင်းရယ်ဂျောင်ကုရယ်က တစ်စီးစီးကာ ထယ်ယောင်းကကားမောင်းလေသည်။ နောက်ဘက်တွင်တော့ အဖွဲ့သားနှစ်ယောက်ကမတ်တပ်ရပ်စီးရင်းလိုက်ပါလာလေသည်။

" အောင်မလေး...သေပါပြီ "

" အဆင်ပြေရဲ့လား? "

ဂျောင်ကုမှာတစ်လမ်းလုံးအိပ်ငိုက်လာပြီးမှ လမ်းခရီးကြမ်းသည့်နေရာရောက်တော့ ကားကတဒုန်းဒုန်းဖြင့်ခုန်လေတော့ အိပ်ငိုက်နေတာတောင်ဘယ်နားရောက်လို့ရောက်မှန်းမသိတော့ချေ။

ONE+TWO=Winner//VK✔Wo Geschichten leben. Entdecke jetzt