PART-6

1.9K 232 112
                                    

Unicode

ပင်လယ်လှိုင်းသံတို့နဲ့နီးလာလေလေကားအတွင်းထဲရှိကောင်လေးနှစ်ယောက်ရဲ့အခြေအနေကလည်းပိုပြီးတိတ်ဆိတ်လာလေလေပင်။ ခဏလေးအတွင်းမှာပင်တိတ်ဆိတ်မှုကိုဖြိုကွဲလိုက်သူကထယ်ယောင်းပင်~

" ကားမှန်ဘက်ကိုကြည့်လိုက် "

ထယ်ယောင်းကမျက်လုံးဝေ့ပြကာပြောလေတော့မျက်ခုံးကျုံ့ရင်းလက်ပိုက်ကာဆူဆောင့်နေဆဲဖြစ်တဲ့ဂျောင်ကုကဘေးဘက်ကိုလှည့်ကြည့်လိုက်တယ်။

" ကမ်းခြေလေ ငါမမြင်ဖူးတာကျလို့ အထူးတဆန်းတွေဖြစ်နေလို့လား ဟမ် "

" အ.. မဟုတ်ဘူးလေ ကိုယ်ပြောချင်တာက ကောင်းကင်ကပြာလဲ့နေတာပဲလို့ "

" သူ့ဘာသာပြာတာလေ "

ဂျောင်ကုရဲ့စကားလုံးတိုင်းကဘုနဲ့ဘောက်နဲ့ပင်။ လူကြားထဲကနေဆွဲခေါ်လာခံရပြီးကားထဲအတင်းဆွဲခေါ်တာကြောင့်ရောထယ်ယောင်းရဲ့ကားနဲ့တစ်လမ်းလုံးလိုက်လာခဲ့ရတာကြောင့်ပါဂျောင်ကုတစ်ယောက်ထယ်ယောင်းအားအမြင်မကြည်ခြင်းပင်။

" ခဏလေး... ဘာလို့ဒီကားထဲဆွဲခေါ်လာရတာလဲ? ဟမ်... ငါ့မှာလည်းကားပါတယ်လေ "

" အဲ့တာက... အဟမ်း ဟမ်း... ကိုယ့်ကားကဂျောင်ကုရဲ့ကားထက်ပိုသစ်တယ်လေ။ အဲ့တော့... အဲ့တော့ "

" အဲ့တော့ ငါကမင်းကားအသစ်နဲ့လိုက်စီးပြီးဇိမ်ကျနေမယ်လို့ထင်နေတာလား "

" အင်း အင်း.. ဒါပေါ့ ဟုတ်တယ် "

ထယ်ယောင်းတစ်ယောက်ပြောဖို့စကားလမ်းရှာနေချိန်ဂျောင်ကုကလည်းထင်ရာကိုပြောချလိုက်တော့ ထယ်ယောင်းလည်းခေါင်းအတင်းငြိမ့်ပြကာရေစုန်မျောချပစ်လိုက်တယ်။

" အဲ့တော့ ငါ့ကားကကားအစုတ်လို့ပြောချင်တာပေါ့။ ငါကမင်းလိုကားအကောင်းစားမစီးနိုင်ဘူးလို့ပြောချင်တာလား "

" အင်း...အဲ မဟုတ်ဘူး..မဟုတ် "

" ကင်မ်ထယ်ယောင်း! လာစမ်း! ငါ့ကားကိုအစုတ်လို့ထင်နေတဲ့နှာဘူးကောင်! "

" အား! မ.ဟုတ်.ဘူး! "

ဂျောင်ကုတစ်ယောက် လက်ဖောင်းဖောင်းလုံးလေးတွေနဲ့ထယ်ယောင်းရဲ့ဆံပင်တွေကိုလှမ်းဆွဲလေတော့သည်။ ထယ်ယောင်းကလည်းဂျောင်ကုလက်တွေကိုပြန်ကိုင်ရင်း အတင်းရုန်းလေတော့တယ်။ အဝေးပြေးလမ်းမပေါ်မှကားလေးထဲကနေရုန်းရင်းဆန်ခတ်တွေဖြစ်ကြလျက် မန်နေဂျာဖြစ်သူဟိုဆော့မှာလည်းလေပူတွေထုတ်ချရင်းပင်ကားဆက်မောင်းလေတော့သည်။

ONE+TWO=Winner//VK✔Where stories live. Discover now