PART-12

1.6K 176 83
                                    

UNICODE

အိပ်ယာထရမှာအရမ်းပျင်းသည်။ ဒီနေ့ရှုတင်မရှိဘူးမို့လား? ပြောချင်တာကဒီနေ့အပီအိပ်မည်။

တီ..တီ..တီ

ခေါင်းအုံးအောက်ကဖုန်းလေးကမီးလင်းလာတော့အိပ်ချင်မူးတူးဖြင့်ယူကြည့်မိသည်။ Contact nameလေးက ' နှာဗူးကောင် ' တဲ့လား။

အချိန်မဆိုင်းပဲကောက်ကိုင်လိုက်သည်။ ရင်တော့ခုန်နေသည်။

" ဟယ်လို~ "

" မောနင်းပိစိလေး~ "

ဆွဲဆောင်မှုရှိသည့်အသံသြရှရှလေးကဖုန်းလိုင်းထဲကနေထွက်လာသည်။ မနက်တိုင်းဒီလိုအသံလေးကိုကြားရရင်ဘယ်လောက်ကောင်းမလဲ?

" မောနင်း "

အက်ရှရှအသံလေးနဲ့သာပြန်ဖြေလိုက်သည်။ သူအခုထိသေချာမနိုးသေးဘူးမို့လား။

" အိပ်နေတုန်းပဲလား...ထတော့လေ ကိုယ်တို့Dateရမယ်မို့လား "

" ဟင်? "

ဂျောင်ကုနာရီကိုကြည့်မိသည်။

မနက်5နာရီလေ။ မစောလွန်းဘူးလားထယ်ယောင်းရယ်။ ငါအိပ်ရေးမဝသေးဘူး~

" နောက် 5နာရီလောက်နေမှတွေ့ကြတာပေါ့။ အိပ်ရေးမဝသေးဘူး ဘိုင်ဘိုင့် "

ဖုန်းကိုချက်ချင်းတန်းချကာစောင်ခြုံပြီးပြန်ကွေးနေလိုက်သည်။ ဒီနေ့တော့အိပ်ရေးဝအောင်အိပ်မှာမို့ ဘယ်သူ့မှလာမတားနဲ့~

ထယ်ယောင်း ပြန်ဖြေဆိုခြင်းမရှိသည့်ဖုန်းကိုသာကြည့်ရင်းမျက်ခုံးပင့်မိသည်။

" အိုခေလေ...ငြင်းတယ်ပေါ့ "

စီယာတိုင်ကိုကိုင်ထားသည့်လက်တို့ကိုဖယ်ကာ ကားတံခါးကိုဆွဲဖွင့်လိုက်သည်။ နေအလင်းရောင်မထွက်သေးသည်မို့နီယွန်မီးတို့သာလင်းနေသေးသည်။ မျက်စိရှေ့ကမြင်နေရသည့်ခြံလေးကိုကြည့်ကာ ခြံရှေ့သို့တစ်လှမ်းချင်းသွားသည်။

မျက်စိရှေ့က လူနှစ်ယောက်အမြင့်ရှိသည့်အုတ်တံတိုင်းတစ်ခု။

" အာ့...ဟူး "

ခြံတံတိုင်းကို ရုပ်ရှင်တွေထဲကလိုဖြတ်ကျော်မယ်ပေါ့။ မထင်လိုက်ပါနဲ့ သစ်ပင်တောင်မတက်တက်တာ ခြံတံတိုင်းဆိုဝေလားဝေးပေါ့။ မတော်လို့တက်ပြီးအောက်ပြန်မဆင်းတက်ရင်လည်းပြသာနာဖြစ်အုံးမယ်။ ဒီတော့ မျက်စိရှေ့ကခွေးတိုးပေါက်လေးကနေအတင်းကျုံးဝင်သည်။

ONE+TWO=Winner//VK✔Where stories live. Discover now