PART-1

4.1K 326 257
                                    

Unicode

" အားးး! ကင်မ်ထယ်! "

" ချောလိုက်တာကင်မ်ထယ်ရေ! "

" ဒီမှာsignထိုးပေးပါ! "

" အားးတကယ်ချောတာ! ပြုံးပြပါအုံး! "

ဒါပဲလေ။ ကင်မ်ထယ်ယောင်းဆိုတာကတော့နာမည်ကြီးသရုပ်ဆောင်မင်းသားလေ။ လတ်တလောရေပန်းစားနေတာမို့ပျိုမေတို့ရဲ့အသဲစွဲပေါ့။ အခုလည်း fan sign မှာဆူပူနေတာများ။ ပွဲရုံကြီးကျလို့ရောပဲ။

လူတွေအများကြီးရှိတယ်။ အဲ့လူတွေထဲကမှကျွန်တော်ကတော့ကင်မ်ထယ်ယောင်းဆိုတဲ့ရုပ်ချောချောဗလတောင့်တောင့်အရပ်ရှည်ရှည်နဲ့စမတ်ခ်ကျတဲ့လူငယ်တစ်ဦးပေါ့။ ငွေကြေးလား? ရေလိုဖြုန်းတာနော်။ ကင်မ်ထယ်တို့ကဥစ္စာပေါရုပ်ချောလေ Hak!

တစ်ဖက်တွင်...

" အားးး ကူးငယ်လေး! "

" ကလေးရေ! ပြုံးပြပါအုံး! "

" အိုးမို့ ဘယ်လိုတောင်ချစ်ဖို့ကောင်းအောင်လုပ်ပြနေတာလဲ! "

ဂျွန်ဂျောင်ကုဆိုသူကောင်လေးကလည်းလတ်တလောရေပန်းစားနေတဲ့သရုပ်ဆောင်ပင်။ အင်းးး ပြောရရင်တော့ လတ်တလောကမှလူကြိုက်များခဲ့တဲ့ PSYCHO MOON ဆိုတဲ့ဇာတ်လမ်းတွဲကြောင့်ပင်။

ထိုဇာတ်လမ်းတွဲထဲမှာ ကင်မ်ထယ်နဲ့ကူးငယ်တို့ကအဓိကအနေနဲ့ပါဝင်ရိုက်ကူးခဲ့ပြီးကြည့်ရှုသူတွေရဲ့အသဲကိုလည်းခွဲခဲ့သေးတာမို့တော်တော်များမျာကပါးစပ်ကနေမချအောင်ပင်။

" ကင်မ်ထယ်ရေ...ကူးငယ်နဲ့တကယ်ပဲတွဲမှာလား "

" မတွဲပါဘူး ကျွန်တော်တို့ကဇာတ်ကားအဖြစ်ပဲသရုပ်ဆောင်ရိုက်ကူးတာပါ "

" ဒါဆိုရင်လည်းတွဲလိုက်ကြပါတော့။ ကင်မ်ထယ်တို့ကအရမ်းလိုက်ဖက်တယ် "

" ကျေးဇူးပါကွာ~ "

ထယ်ယောင်းသူ့ရဲ့fanတွေကိုပြုံးပြုံးလေးပြုံးရင်းစကားပြန်ပြောပေးတယ်။ ဂျောင်ကုကလည်းသူ့fanတွေနဲ့သူအလုပ်ရှုပ်နေတယ်။

Fan sign ပွဲပြီးသွားတော့ကင်မ်ထယ်ရောကူးငယ်ပါခြေကုန်လက်ပန်းကျကုန်တယ်။

ONE+TWO=Winner//VK✔Where stories live. Discover now