PART-13

1.4K 186 56
                                    


UNICODE

ခြံဝန်းထဲကိုဝင်လာသည့်အနက်ရောင်ကားတစ်စီး။

' ဝုန်း '

ကားတံခါးကိုဝုန်းခနဲပိတ်ချကာနက်ခ်တိုင်ကိုဆွဲဖြုတ်ရင်းအိမ်ထဲသို့ခြေလှမ်းလိုက်သည်။အသက်အရွယ်အရငါးဆယ်ဝန်းကျင်ရှိနေသော်လည်းရုပ်ရည်ကဖြောင့်မတ်လွန်းလှသည့်ထိုအမျိုးသား။ ပူပင်သောကတွေကတော့မျက်နှာပေါ်မှာအပြည့်ပေါ်နေသည်။

မစ္စတာကင်မ်အိမ်ထဲသို့ဝင်သွားသည်။ သူအခုအရမ်းတွေစိတ်ရှုပ်နေသည်။ ဘယ်လိုဖြစ်လို့ဒီပရော့ဂျက်ကိုစီမံထားသည့်စာရွက်စာတန်းတွေကပျောက်သွားရတာလဲ။ ဝင်လူထွက်လူဆိုလို့ သူရယ်၊အမျိုးသမီးရယ်ပဲရှိသည်မို့လား။ ထယ်ယောင်းကရံဖန်ရံခါမှအိမ်လာတတ်သူမို့ဒါကိုခေါင်းထဲသိပ်မထည့်။မဟုတ်လည်းထယ်ယောင်းကဒီကိစ္စကိုစိတ်ဝင်စားတာမှမဟုတ်တာ~

" ဟူးးး သံပုရာရည်တစ်ခွက်လောက်ဖျော်ခဲ့ပေးလို့ရမလား "

တံခါးဝမှာအခြေအနေကိုစောင့်ကြည့်နေသည့်ဇနီးဖြစ်သူကိုခိုင်းစေလိုက်တော့ချက်ချင်းပင်မီးဖိုခန်းထဲသို့ဝင်သွားလေသည်။ နောက်တော့ဖန်ခွက်ရှည်လေးကိုကိုင်ရင်အထဲဝင်လာကာသူ့အားကမ်းပေးလေသည်။

" ဘာပြသာနာရှိလို့လဲယောင်္ကျား "

" စာရွက်စာတန်းတွေပျောက်လို့ "

" မဟုတ်မှ..."

" အေး ဟုတ်တယ်။ အဲ့တာကဘယ်လိုပျောက်သွားမှန်းစဥ်းစားလို့မရဘူး။အိမ်မှာဝင်လူထွက်လူမရှိတာကိုမင်းအသိပဲမဟုတ်လား။ "

မစ္စတာကင်မ်စိတ်ပျက်လက်ပျက်နဲ့ရေရွတ်ရင်းသာလေပူတွေမှုတ်ထုတ်နေတော့သည်။

" တစ်ပတ်အတွင်းစာရွက်စာတန်းတွေရအောင်လုပ်ပေးမယ်လို့ကတိပေးထားခဲ့တယ် ဘယ်လိုလုပ်ရမလဲ "

သူလည်းဘယ်လိုမှမစဥ်းစားတတ်တော့ချေ။ အစအနမရှိပဲပျောက်သွားတာကတော့တော်တော့်ကိုစိတ်ပျက်စရာကောင်းလွန်းလှသည်။

' တီ..တီ..တီ '

မစ္စတာကင်မ်ရဲ့ဖုန်းမှအသံမြည်လာသည်မို့အိပ်ကပ်ထဲကနေဖုန်းကိုထုတ်ကြည့်မိသည်။ မွေးရကျိုးမနပ်သည့်သားဖြစ်သူရဲ့ခေါ်ဆိုမှု။

ONE+TWO=Winner//VK✔Όπου ζουν οι ιστορίες. Ανακάλυψε τώρα