Episode 17 ( uni & zaw)

93 15 0
                                    


Unicode

[ဤအပိုင်း၌ ဆဲရေးတိုင်းထွာသော စကားအသုံးအနှုန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည် ]

ညဥ့်နက်လာပြီဖြစ်သော်လည်း soobin သည် သူ့မျက်ဝန်းများကို ကြိုးစားမှိတ်ကြည့်ရန်အလိုငှာ မတတ်နိုင်ခဲ့။ soobin ၏ အတွေးအမြင်အာရုံတို့၌ mr.choi ရုံးခန်းရှိ the starry night ပန်းချီကားကိုသာ တွေးမြင်ယောင်နေမိသည်။

အိပ်မရသည့်အဆုံး၌ ငုတ်တုတ်ထ ထ်ိုင်ရန်တွေးမိလိုက်သော်လည်း သူ့ဘေးရှိ အိပ်မောကျနေသော ကောင်လေး နိုးသွားမည်စိုး၍သာ ငြိမ်နေလိုက်ရသည်။

BeomGyu ၏အသက်ရူသံ သဲ့သဲ့လေးကိုကြားနေရသည်။ အရင်အချိန်များက အမေဖြစ်သူရှာတွေ့ဖို့ရန် စိုးရိမ်တကြီးဖြစ်ခဲ့ရသော်လည်း ယခုမူ ထိုကောင်လေး တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေရတော့သည်။ mr.choi သည် အမျိုးမျိုးကလိမ်ကြ၍ ခေါင်းပုံဖြတ်တတ်သူဖြစ်သော်လည်း ပြောသည့်အတိုင်းတကယ်လုပ်တတ်သူပင်။

ထို့နောက် beomgyu နဖူးပြင်လေးကို ခပ်ဖွဖွအနမ်းပေးလိုက်မိသည်။

"အင့်..."

သူကောင်းသားလေးက တွန့်လိမ်၍ တဖက်လှည့်သွားသည်။soobin ပါးပြင်ရှိ တွင်းနက်နင်လေးက ထင်းကနဲဖြစ်သွားရတော့သည်။ အပူအပင်မရှိ ပီဘီကလေးငယ်လေးလို အိပ်ပျော်နေသောကောင်လေးသည် ဆင်အော်တောင်နိုးမည်မထင်။

..........

"အခုည ပြန်မှ ရမှာလား..."

အနားရောက်လာသော Beomgyu ကို soobin က လေးကန်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

" မနက်ဖြန်မနက်ပြန်လာခဲ့မယ်..gyu..."

"ဒါနဲ့များ ပြန်နေ ဦးမယ်.."

BeomGyu က soobin ဘေးခုတင်ပေါ်တွင်ဝင်ထိုင်လိုက်သည်။

"အခုရက်ပိုင်း hyung ကိုကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်သလိုပဲ..."

"ဟုတ်လား..."

Soobin က ပြုံးစိစိလေး ပြန်ပြောလိုက်သည်။

" စိတ်ညစ်စရာတွေ တွေးမနေနဲ့တော့..သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်.."

Beomgyu က soobin ကိုမည်သည့်အရာမှ ထပ်မမေးခဲ့သော်လည်း စိတ်ဆင်းရဲနေသည်ကိုတော့ ရိပ်မိခဲ့သည်ပဲ။

Happier ( soogyu ) (completed)Where stories live. Discover now