Episode 7 ( uni & zaw)

112 19 2
                                    

Unicode

" Gyu...မင်းငါ့ကို ဘယ်တွေခေါ်သွားနေတာလဲ.."

"မယုံလို့လား!!..."

ပြုံးစစဖြင့် အနောက်ပြန်လှည့်ကြည့်မေးလာသောကောင်လေးက စတွေ့တွေ့ချင်းနေ့ကလောက် အလိုမကျဟန် စူပုတ်မနေတော့။

BeomGyu လျှောက်သွားသော လမ်းအတိုင်း Soobin က လိုက်လျှောက်မိသည်။ ကုန်းမြင့်လေးပေါ်ရောက်လာသည်နှင့် သစ်ပင်များက ပိုထူလာသယောင်။

အုံ့စိုင်းစိုင်းပတ်ဝန်းကျင်မှ အေးစိမ့်စိမ့် ခံစားချက်ကို soobin ရလိုက်သည်။ ရှေ့ဆက်လျှောက်လေ သစ်ပင်များပိုထူလာလေမို့ Soobin က သူ့ခြေထောက်နှစ်ဘက်ကို ရုတ်တရက် စုံရပ်လိုက်မိသည်။

ထို့နောက် soobin ၏လက်ဖျားများသည် တဆက်ဆက် တုန်ရီလာပြီး အမြင်အာရုံများ ဝေဝါးချင်လာသည်။ ထိုနေရာ၌ပင် စောင့်ကြောင့်ထိုင်ချလိုက်မိသည်ထိ ရုတ်တရက်ခြောက်ခြားလာရသည်။

"မေမေ!!!...မေမေ!!!!....."

ဆယ်နှစ်အရွယ်ကလေးငယ်သည် တောကြီးမျက်မဲထဲ၌ ညကြီးမိုးချုပ် အော်ဟစ်ပြေးလွှားနေသည်

" သားဆီပြန်လာ....သားဆီပြန်လာခဲ့လို့...ဟီးးးးးး!!!"

ကလေးငယ်သည် သစ်မြစ်တစ်ခုကို ခလုတ်တိုက်မှောက်လဲသွားသည်

"မေမေ!!!!!...."

ထိတ်န့်နေသော ကလေးငယ်သည် သူ့နားနှစ်ဖက်ကို သူ့လက်သေးသေးလေးများဖြင့် အုပ်ပိတ်ထားပြီး ငိုနေတော့သည်

"Soobin!!!..Soobin hyung!!!.."

BeomGyu အနားလာခေါ်သဖြင့် Soobin ကသူ့မျက်ဝန်းများကို ဖွင့်ကြည့်လိုက်မိသည်။

Happier ( soogyu ) (completed)Hikayelerin yaşadığı yer. Şimdi keşfedin