Episode 9 (uni & zaw)

91 17 0
                                    

Unicode

လမ်းကျဥ်းလေးအတိုင်း လျှောက်နေမိသည်။ အရင်အတိုင်း လမ်းကျဥ်းလေးပါပဲ။ မနက်စောစောထလာရ၍ လမ်းတစ်လျှောက် မျက်လုံးတွေက ပွင့်တစ်ချက် မပွင့်တစ်ချက်။

" Beom beom!!!!.."

ဟန်ဆောင်းက ခြင်းတောင်းလေးတစ်ခုကို ဆွဲရင်း beomgyu နဘေးသို့ အပြေးလေးသုတ်လာသည်။

" ဘာတွေလဲ!.."

" ဆလပ်ရွက်..ဂေါဖီထုပ်နဲ့ သစ်သီးတွေ မေမေက အန်တီတို့ဖို့ ထည့်ပေးလိုက်တာ.."

မယူချင်သော်လည်း ဟန်ဆောင်းစိတ်မကောင်းမည်စိုး၍သာ beomgyu ကယူလိုက်ရသည်။

" နောက်တစ်ခါ အလည်ပြန်လာခဲ့ရင်...ဂျွန်ဆော့ပါခေါ်လာခဲ့နော်..."

ဂျွန်ဆော့ ဟူသော အမည်နာမကိုကြားရ၍ beomgyu က ရုတ်ချည်း တည်တံ့သွားမိသည်။ မနေ့မနက်ကတည်းကမပြောမဆိုနှင့် ဘယ်အချိန်အိမ်ပြန်လို့ပြန်သွားမှန်းမသိသော soobin ကို beomgyu က စိတ်နာချင်နေသည်။

" ဒါပဲ..ဒါပဲ..ငါသွားပြီ..."

BeomGyu က စိတ်မရှည်သလိုပုံဖြင့် ပြန်ပြောလိုက်ကာ ထွက်လုဆဲဆဲ bus ကားပေါ်သို့ ပြေးတတ်သွားမိသည်။ အရေးထဲ အသီးအရွက်ခြင်းကြီးက လက်ထဲမှာ ကန့်လန့်ကန့်လန့် ။

Bus ကားပေါ်တွင် အသီးအရွက်ခြင်းကြီးကိုင်၍ စီးလိုက်ရသည်မှာ မသက်သာလှ။ လူက စိတ်မကြည်နေရသည့်အထဲ ဗိုက်ပါဆာလာသည်မို့ beom beom မျက်နှာလေးသည် ရွှ​င်ပြမနေတော့ ။ စူစူပုတ်ပုတ်လေးဖြစ်ချင်လာသည်။

Inje မှထွက်ခွာလာသည်နှင့်တပြိုင်နက် beomgyu ၏ စိတ်ဝိညာဥ် တချို့သည် Inje ၌ ကျန်ခဲ့သယောင်။ ဆိုးလ်၌ ချန်ထားခဲ့သော နတ်ဆိုးသည်လည်း ပြန်ပူးကပ်ရန် လမ်းစရှာနေပြီ။

"ကျစ်!!...ငြိမ်ငြိမ်ကိုမနေနိုင်ဘူး.."

BeomGyu စကားအဆုံး၌ ဘေးခုံတွင်ထိုင်နေသော လူက သတိထားနေ ဆိုသောအကြည့်ဖြင့် beomgyu ကိုလှည့်ကြည့်လာသည်။

......

" BeomGyu!!!...ထမင်းကို ဘယ်လိုလုပ်စားနေတာလဲ.."

မမကြီးမာန်လည်း မာန်ချင်စရာပင်။ ကလေးကစားစရာကဲ့သို့ တူဖြင့် တစ်စိချင်းညှပ်ကာ ပါးစပ်ထဲထည့်လိုက် ပြန်ချလိုက်လုပ်နေသော ကလေးငယ်ပင်။

Happier ( soogyu ) (completed)Where stories live. Discover now