Episode 14 ( uni & zaw)

98 15 0
                                    

Unicode

One month later

အလင်းရောင်ကောင်းစွာရရှိသော ဆေးရုံခန်းလေးသည် တတီတီမြည်နေသော နှလုံးခုန်စက်မှအပ အရာရာဟာ တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။

ခုတင်ပေါ်တွင် မှေးနေသော သက်ကြီးပိုင်းလူတစ်ဦးရှိနေသည်။ တရှပ်ရှပ်ကြားနေရသော ခြေသံများကို နားစွင့်နေပုံ။ ထိုသူထင်ထားသကဲ့သို့ပင် ဝတ်စုံပြည့်ဝတ်ထားသော လူတစ်စုသည် သူ့ခုတင်ရှိရာသို့ ဦးတည်လာနေသည်။

ထိုလူတစ်စုကို ဦးဆောင်သူက ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်နှင့်တပြိုင်နက် ကျန်သူများက မှန်တံခါးချပ်များအရှေ့ရှိ ကန့်လန့်ကာများကို ဆွဲကာလိုက်ကြသည်။

" အဖေ...ဒီစာချုပ်မှာ လက်​ဗွေနှိပ်ပေးရုံပဲ.."

သူ့အနားတိုးလာသော mr.choi ကို ထိုသူက ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ မကြာခဏ နှလုံးဖောက်ထားသည့်အပြင် အသက်အရွယ်အရမို့ စကားကိုပင် အားယူပြောနေရသော ထိုသူသည် တွန့်ဆုံ့ပြရုံမှအပ မတတ်နိုင်ခဲ့။

အတွင်းရေးမှူး ဂန်သည် ဆေးနီဗူးကိုဖွင့်လိုက်ပြီး ထိုသူ့လက်အား အတင်းဆွဲယူလိုက်ကာ ထိုသူ့လက်မနှင့်ဆေးနီတို့ကိုတို့ထိစေသည် ။ ထို့နောက် စာရွက်ပေါ်ရှိ သက်မှတ်နေရာတွင် အတင်းအကြပ် လက်​ဗွေနှိပ်စေသည်။

"တာဝန်ကြေပါတယ် ဥက္ကဌကြီး..အဲမှားလို့ အဖေ..."

ထိုလူအုပ်စုထွက်သွားသည်နှင့် နှလုံးခုန်စက်သည် ဆက်တိုက်ဆိုသလို တတီတီမြည်လာတော့သည်။ ခုတင်ပေါ်ရှိ တဆက်ဆက်တုန်နေသူသည် ဒေါသစိတ်ကြောင့် သေလုမြောပါးခံစားနေရသည်။ ထိုသူ့အမြင်အာရုံများ၌မူကား ထိုစာချုပ်ခေါင်းစီးကိုသာ မြင်ယောင်နေတော့သည်ပင်။

_ Royal Company အား လွှဲပြောင်းပေးခြင်း _ဟူ၍ ဖြစ်သည်။

..........

" beom beom ရေ... မနက်စာမစားပြန်ဘူးလား..."

"အတန်းနောက်ကျတော့မယ်...ပြီးတော့ မရှင်းတဲ့စာတွေကို လိုက်မေးရဦးမှာ..."

ထူးဆန်းသောစကားများပြောလာသော beomgyu ကြောင့် သူ့မိခင်လည်း ဘာမှပြန်မပြောနိုင်တော့။ မမကြီးကတော့ အားတတ်သရောဖြင့်ထောက်ခံရှာသည်။

Happier ( soogyu ) (completed)Where stories live. Discover now