Episode 4 ( uni & zaw)

130 19 2
                                    

unicode

" Soobin မလား!! ဟုတ်ပါတယ် soobin အစစ်ကြီးပါ!!!..."

ဟန်ဆောင်းက soobin ၏မျက်နှာ အနားသို့ သေချာကပ်ကြည့်ကာ ပြောလိုက်သည်။

" ပေါက်တက်ကရ!!.. လာ ပြန်ရအောင်..."

beomgyu က စိတ်မရှည်သလိုပြောလိုက်သည်။

Soobin သည်လည်းပဲ ဟန်ဆောင်းနှင့် beomgyu တို့အား လူထူးဆန်းများသဖွယ် ရပ်ကြည့်ရင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

"ရားး!!! ပြန်မယ်လို့..."

beomgyu ကစူပုတ်ပုတ်ရုပ်လေးဖြင့်ဟန်ဆောင်း၏ လက်တစ်ဖက်ကို အတင်းဆွဲခေါ်သည်။

" ဟုတ်ပါတယ်ဟ... soobin အစစ်ကြီးပါ ဆံပင်အရောင်ပဲမတူတော့တာကို.."

"အရူးမလေး!!!..soobin က ဒီအထိ ရောက်လာရအောင် အိမ်မက်လည်းမဟုတ်.."

Beomgyu သတိပေးလိုက်တော့မှ ဟန်ဆောင်းက သတိကပ်သွားရသည်။

" ဟုတ်သား..ဒါနဲ့အတော်တူတာနော်..."

"လာပါ..ပြန်မယ်..."

" ဟိတ်!!.."

Soobin က ဒုတိယအကြိမ်​မြောက် beomgyu အင်္ကျီစကို ထပ်ဆွဲထားပြန်သည်။

" ဘာဖြစ်ပြန်တာလဲ!!.."

မျက်တောင်ရှည်များရစ်ဝိုင်းနေသည့်မျက်ဝန်းဝိုင်းများဖြင့် ပေစောင်းကြည့်လာသော ကောင်လေးကြောင့် soobin တစ်ယောက် ခဏတာလေး ပြုံးမိသွားသည်။ သူ့ကိုယ်သူပင် သတိမထားမိသော ဒတင်္ဂအပြုံးဖြစ်သည်။

" chocolate kookie.."

" ရော့!!!..."

Beomgyu က ၎င်းမုန့်ထုပ်အား soobin ရင်ဘတ်တည့်တည့်သို့ ပြစ်ပေါက်ပေးလိုက်ရာ soobin ကအမြန်ဖမ်းထားလိုက်ရသည်။

"အရိုင်းစိုင်းလေး..."

Soobin ကတိုးတိတ်စွာ ရေရွတ်မိသည်။ သို့သော် နားပါးသော ကောင်လေးကမူ အံကြိတ်နေချေပြီ။

Happier ( soogyu ) (completed)Where stories live. Discover now