Episode 12 ( uni & zaw)

89 16 0
                                    

Unicode

" ဥက္ကဋ္ဌကြီး!!...ဥက္ကဋ္ဌကြီး!...."

ရုံးခန်းအတွင်းသို့ အလျင်စလိုပြေးဝင်လာသော အတွင်းရေးမှူးဂင်အား Mr. Choi က ခပ်တည်တည် ပြန်ကြည့်လာသည်။

" ဘာဖြစ်တာလဲ!..."

" ဥက္ကဌကြီး...ဟို..ဟိုလူ...​​မင်ဟွန်းလေ!!!..."

" Mr.choi.. နေကောင်းပါစ!!.."

အတွင်းရေးမှူးဂင်ပင်စကားမဆုံးသေး မင်ဟွန်း ဆိုသူက ရုံးခန်းအတွင်းသို့ ဝင်လာပြီး Mr.choi ကို ရွဲ့တဲ့တဲ့နှုတ်ဆက်လိုက်သည်။

" ဘာလိုချင်ပြန်တာလဲ!!..."

မင်ဟွန်းက အားရပါးရရယ်လိုက်သည်။

"ဟားဟား...Mr.choi ခဗျားဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ..ဟားဟား..."

Mr.choi က မင်ဟွန်းကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ကာ အံကြိတ်လိုက်မိသည်။

" စကားကိုကွေ့ပတ်ပြောမနေနဲ့...ဘယ်လောက်လိုချင်သလဲသာ ပြောလိုက်!..."

မင်ဟွန်းက လုပ်ရယ် ရယ်နေခြင်းကို ချက်ချင်းရပ်လိုက်သည်။

" ဘယ်လောက်ရယ်တော့မဟုတ်ပါဘူး...ဒီလောက်ပါပဲ.."

မင်းဟွန်းက Mr.choi အား လက်သုံးချောင်းထောင်ပြလာသည်။

"အတွင်းရေးမှူးဂင်..ဒီကောင့်ကို ဝမ်သိန်းသုံးဆယ်ပေးလိုက်.."

"ဟုတ်ကဲ့...."

"No..no...no!!!..."

မင်ဟွန်းက ဖြတ်ပြောလိုက်သည်။ Mr.choi ၏ မျက်နှာထားသည်လည်း သိသိသာသာ နီရဲလာလေပြီ။

"သိန်းသုံးထောင်!!...ဝမ်သိန်းသုံးထောင် ကိုပြောတာ..."

"မင်း!!!..."

Mr. Choi က ဒေါသတကြီးထအော်လိုက်သည်နှင့် တပြိုင်နက် အတွင်းရေးမှူးဂင်က မင်ဟွန်းနဘေးသို့ ချက်ချင်းရောက်ချလာသည်။ထို့နောက် မင်ဟွန်း ပခုံးတစ်ဖက်အား ချုပ်ကိုင်ထားလိုက်သည်။ သို့သော် မင်ဟွန်းကတော့အပြုံးမပျက် ။

"မင်းဒီလိုငွေပမာဏတွေ အများကြီးတောင်းတောင်းနေတာ..တစ်ခါနှစ်ခါ မကတော့ဘူးကွ...မင်းလွန်နေပြီနော်!!!!..."

Happier ( soogyu ) (completed)Where stories live. Discover now