"ဒီအနားတစ်ဝိုက်ကိုရော ရှာပြီးပြီလား..."

"ရှာပြီးပြီ ဂိုဏ်းချုပ်...ဘာမှ မတွေ့ပါဘူး..."

"မင်းတို့ သွားတော့..."

"ဖြစ်ပါ့မလား ဂိုဏ်းချုပ်...အပြင်မှာ တစ်ယောက်တည်း..."

ဂိုဏ်သားတွေမှာ သူတို့ဂိုဏ်းချုပ်လေးကို စိတ်မချ။

"ဖြစ်တယ်...သွား..."

ဆိုင်ကယ်ကို တယုတယကိုင်တွယ်နေရင်းမှ သူတို့ကို လှမ်းအော်တာကြောင့် ဂိုဏ်းသားတွေလည်း အလိုက်တသိ နောက်ဆုတ်ပေးလိုက်ရ၏။ဒီအချိန်မှာ ဂိုဏ်းချုပ်ဟာ စိတ်ခံစား လွယ်နေသူမို့ ဝမ်းနည်းစိတ်အခံဖြစ်နေတာကို ထပ်ပြီး ဒေါသမထွက်စေလို...။ ဆိုင်ကယ်လက်ကိုင်ကို ကိုင်ရင်းမှ Vachirawit  ခုနလေးတုန်းက ကိုင်တွယ်ခဲ့တဲ့နေရာဆိုတဲ့ အသိက ရင်ကို ကျိုးစေ၏။ငယ့်ဆီကို ပြန်လာချင်စိတ် မရှိတော့တာလား...တကယ်ဘဲ ရှင်းပြခွင့်တောင် မရဘူးလား...ကို့ကိုဆို အမြဲတမ်း ဆိုးခဲ့တဲ့ ငယ်က အခုမဆိုးနိုင်တော့ဘူး ကိုရယ်...။နှုတ်ကတဖွဖွ ရေရွတ်ရင်း မျက်ရည်တွေ တသွင်သွင်စီးကျရင်း ဆို့နစ်ကာ ဆိုင်ကယ်နားက ကို့အငွေ့အသက်တွေ လိုက်ရှာနေမိ၏။ပွေ့ဖက်ပြီး ရင်ခွင်ထဲ တိုးဝင်ချင်လိုက်တဲ့ စိတ်တွေ...။ ခဏကြာတော့ မထိန်းနိုင်စွာ ဆိုင်ကယ်နား ဒူးထောက်ကာ ထိုင်ချမိတော့၏။

"နောင်တရနေပြီမို့ ပြန်လာခဲ့ပါတော့...."

မြင်နေရတဲ့ မြင်ကွင်းက နှလုံးသားကို အစိတ်စိတ်အမွှာမွှာ ကွဲစေ၏။သွားပြီး နှစ်သိမ့်ပေးချင်ပေမယ့်....ရင်ခွင်ထဲ ထည့်ပြီး ထွေးဖက်ထားချင်ပေမယ့် ကိုယ်ကိုယ်တိုင်လည်း ပြိုလဲနေရလို့ပါ ငယ်ရယ်...ဒိတစ်ကြိမ်သာ ကိုယ် အလျော့ပေးလိုက်ရင် ငယ့်သဘောထားအတိုင်း လိုက်လိုက်ရင် ကိုယ်နဲ့ ငယ် ဘာမှဆက်ဖြစ်တော့မှာ မဟုတ်ဘူးငယ်...။ ကိုယ် ငယ်နဲ့ သူငယ်ချင်းဖြစ်ချင်တာမှ မဟုတ်ခဲ့တာ... အနေနီးလို့ သာယာခဲ့တာမှ မဟုတ်တာဘဲ...ကိုယ့်အချစ်တွေက ရိုးသွားတဲ့ အရာတွေမှ မဟုတ်တာ ငယ်ရယ်...။ကိုယ့်ကို အချိန်နည်းနည်းဘဲ ပေးပါ...ငယ့်အနားကို ပြန်လာမှာမို့....အချစ်ရယ်..။ကိုယ့်မှာလည်း ယောက်ျားမာနရှိတာမို့ ငယ်ခေါင်းမာသလို ကိုယ်လည်း ခေါင်းမာတတ်တဲ့သူမို့...ကိုယ်လိုအပ်သလောက် အချိန်ယူပြီးရင် အရာရာအလျော့ပေးဖို့ ပြန်လာခဲ့ပါ့မယ် ကလေးရယ်....။

Always With You (Completed)Where stories live. Discover now