အပိုင်း ၁၂

Start from the beginning
                                    

'ငါ ပြီးအောင် ကစားလိုက်ဦးမယ်'

Nohက ပြောနေရင်းနဲ့ဘဲ ဂျူနီယာကောင်လေးရဲ့ခေါင်းကို ပုတ်ထုတ်လိုက်သည်။ ဒါပေမယ့် သူက ဂျူနီယာလေးကို တမင်စနေတယ်ဆိုတာ ကျွန်တော် သိပြီးသား…

တွေ့တယ်မှတ်လား။ ဒီအတိုင်းသာ တစ်ခုခုက နှောက်နှေးသွားခဲ့မယ်ဆိုရင် Joဘဲ ပြသာနာများစွာနဲ့ ခေါင်းကြီးရမှာ…

'Hia… ကျွန်တော့်ကို သနားပါဦး… ကျွန်တော် ပင်လယ်ထဲတော့ ငါးစာအဖြစ် ပစ်ချမခံနိူင်ဘူးဗျ…'

ကျွန်တော် ပြောတယ်မှတ်လား…

'သွားရအောင် Ai'Noh… မဆော့နဲ့တော့…'

ကျွန်တော် Beerရဲ့စကားကို ခေါင်းညိမ့်ပြပြီး နောက်ဆုံးတော့ေ ဖုန်းကို သိမ်းဖို့ သဘောတူလိုက်သည်။ ပြီးတော့လည်း အပြင်မထွက်ခင် Joကို ပြုံးပြခဲ့ဖို့လည်း သူ မမေ့ခဲ့ပါ။

တကယ်တော့ ကားတွေက ကျွန်တော်တို့ဌာနအရှေ့မှာဘဲ ရပ်ထားတာကြောင့် အလျင်လိုစရာမလို… လူတွေကို စုရတယ်ဆိုတာကလည်း သွားတဲ့အချိန်ထက်တောင် ကြာသေးသည်။ ပြီးတော့လည်း အခုထိ ငါးနာရီမထိုးသေးဘူး။

ဒါပေမယ့် ကားဆီလျောက်သွားတဲ့အခါမှာတော့ ကျွန်တော် တွေးထားတာက နည်းနည်းလွဲမှားနေကြောင်း သိလိုက်ရသည်။ ကျွန်တော် ထင်ထားသလိုမျိုး ယောက်ယက်ခက်နေတာမျိုး မဟုတ်ဘဲ လူတိုင်းက သူတို့သက်ဆိုင်ရာကားဆီ ရောက်နေကြပြီ။ ပြီးတော့ ကျွန်တော်တို့အဖွဲ့က နောက်ဆုံးရောက်တာ… အဲ့ဒါကြောင့်ဘဲ…

'Jo! မင်းတော့ အလုပ်ခံရတော့မယ်' သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ဒုတိယနှစ်ဂျူနီယာလေး၏ အသံဖြစ်သည်။ အပြစ်ပေးခံရတော့မယ်လို့ မျှော်လင့်ထားတဲ့ကောင်လေးက တစ်ချက်လေးဘဲ အဆူခံလိုက်ရတာကြောင့် ပြေးလွှားပြီး စစ်ဆေးနေသည်။

'ဂီတမေဂျာက အုပ်စုနဲ့ သွားထိုင်ပါလား အစ်ကိုတို့… ဒီကားမှာ နေရာပြည့်နေပြီမို့လို့…'

Joက ကျွန်တော်တို့ အုပ်စုကို အော်ပြောလိုက်ပြီးတော့ အနောက်က ကားကို ညွှန်ပြလာသည်။

ကျွန်တော်တို့မှာ ဂီတမေဂျာက သူတွေနဲ့ ဘာကွိုင်မှမရှိတာကြောင့် ကျွန်တော် ဘာမှမစဉ်းစားနေတော့ဘဲ ခေါင်းညိမ့်ပြလိုက်သည်။ ပြောရရင် ကျွန်တော်က ဘယ်သူနဲ့မှ ပြသာနာမရှိခဲ့ဘူး။ ပထမနှစ်ကတည်းက စာနဲ့အလုပ်နဲ့ဆိုပြီး ကျွန်တော့်ဘဝက လည်ပတ်နေခဲ့တာလေ… ကျွန်တော့်မှာ ပြသာနာနည်းနည်းရှိလာပြီဆိုရင်လည်း Nohကို ကျွန်တော် အကူအညီတောင်းလို့ရတာဘဲ… ဒါပေမယ့် ဘာပြသာနာမှမရှိဘဲ ကျွန်တော်တို့ ကားပေါ်သို့ တက်လိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now