"စားမယ်။"  နျဲ့ရှောင်က မျက်ခုံးပင့်ကာ တိုတိုတုတ်တုတ် ဖြေလိုက်သည်။
"!!!?"
"ဘောစ့်!  မင်းဘယ်လိုသဘောတူနိုင်တာလဲ!!!"
တစ်ဖက်က နျဲ့ရှောင်က သဘောတူဖို့ မမျှော်လင့်ထားဘူး။  ကြည်လင်သောအသံသည် ၎င်း၏ယခင်တက်ကြွမှုကို ရုတ်ချည်းဆုံးရှုံးသွားကာ နှလုံးနာနေသံဖြင့် “ဘောစ့်၊ မင်းက တရုတ်နှစ်သစ်ကူးအားလပ်ရက်တွေကို အခွင့်ကောင်းယူပြီး အလုပ်သမားနေ့ နဲ့ အချိန်မဖြုန်းသင့်ဘူးလား။  ငါ ဟာဝိုင်ယီမှာ နှစ်ရက်နေချင်သေးတာ QAQ "
နျဲ့ရှောင်:"..." ဘယ်လိုတွေတောင်ရှုပ်နေတာလဲ။
ဒီအချိန်မှာ ဘေးနားက ခိုးနားထောင်နေတဲ့ ဟမ်စတာလေးဟာ ဒေါသအရမ်းထွက်ပြီး လက်ကိုင်ဖုန်းရဲ့မျက်နှာကို ရိုက်ပြီး ကန့်ကွက်လိုက်တယ်။
ဝူယီ က အလုပ်သမားနေ့ မဟုတ်ဘူး ဝူယီက  ဟမ်းစတားလေးပါ!!!
~~~~~♡~~~~~♡~~~~~♡~~~~~♡~~
Chapter 1 ဝူယီကဟမ်းစတားလေးပါ
မှာ မေးစရာလေးရှိပါတယ်။
ဘယ်အသုံးကပိုကောင်းမလဲ အကြံပေးကြပါဦး
1. Daddy or ဒယ်ဒီ
2. Stinky ကို 1.3အထိနံစော်တုံးလေးလို့ပြောင်းထားတာ ဖတ်လို့အဆင်ပြေလားဟင်။ ဒီအတိုင်းပဲထားလိုက်ရမလား။ အကြံပေးသွားကြပါဦး 🤗
ဖတ်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
Zawgyi
သို့သော် နျဲ့ရှောင်က အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သောသူဖြစ်တယ် “အစားအစာကို အခု သိုလှောင်ထားပေမယ့် နောက်ပိုင်းမှာ မင်းဆိုတဲ့ ဟမ်းစတားလေး ကိုယ်တိုင်ကပဲစားပစ်လိုက်မှာ မဟုတ်လား”
ဟမ်စတာလေး- QAQ
သူမစားဘူးဆိုတာ သက်သေပြဖို့အတွက် ဟမ်းစတားငယ်လေးက သူ့ပါးပြင်ပေါ်ကို လက်သည်းလေးတွေနဲ့ ဖိလိုက်ပြီး အိတ်လေးထဲက ဂျုံစေ့တစ်စေ့ကိုယူကာ နျဲ့ရှောင်ကို မျက်လုံးဝိုင်းလေးတွေကို စိုက်ကြည့်နေရင်း လက်ဖဝါးပေါ်သို့တင်လိုက်လေသည်။
"Chi!"  ဝူယီက သိမ်းထားတဲ့အစာကို မစားတဲ့အတွက် ဝူယီ က မဝပါဘူး။
နျဲ့ရှောင်သည် ရုတ်တရက် ရွှင်မြူးသွားခဲ့သည်။  သူ့လက်ထဲက ဂျုံစေ့တွေကို ကြည့်လိုက်တဲ့အခါ သူ့နှလုံးသားက နွေးထွေးမှုတွေနဲ့ ပြည့်နေပြန်သည်။။  ဟမ်စတာလေး၏ နဖူးကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ကာ “အင်း၊ Stinky က အခုလောလောဆယ် မဝသေးပါဘူး။  ဒါကြောင့် များများ စုဆောင်း၊ များများစားပြီး မင်း Daddyကို မကျွေးနိုင်မချင်း ကြီးပြင်းလာနော်!"
ဟမ်စတားလေးသည် အားပေးခြင်းခံရကာ 'chi' ကို ရွှင်လန်းစွာအော်ဟစ်ပြီး ကတိကိုဖြည့်ဆည်းပေးမည်ဟု ပြောခဲ့သည်။  နျဲ့ရှောင် လောက်ကြီးတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတော့ မိသားစုကို ပြုစုပျိုးထောင်ဖို့ ရည်မှန်းချက် ရုတ်ခြည်း တောက်လောင်လာတယ်။
ဝူယီက Daddy ကို ကျွေးမွေးစောင့်ရှောက်မယ်!!
ထိုအချိန်တွင် ဖုန်းတစ်ခုဝင်လာသည်။  နျဲ့ရှောင်သည် ခေါ်ဆိုသူ ID ကိုကြည့်ကာ တန်းဖြေကြားခဲ့သည်။  ဟမ်စတားလေးသည် စားပွဲပေါ်တွင် မတ်တပ်ရပ်၍ မော့ကြည့်ကာ သူသတိရှိနေကြောင်း ထောင်နေသောနားရွက်နှစ်ခုက ဖော်ပြသည်။
ဖုန်းခေါ်ဆိုမှု ချိတ်ဆက်မိသည်နှင့် တပြိုင်နက် စပီကာများမှ ရွှင်လန်းတက်ကြွသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘော့စ်၊ ဘောစ့်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။  အစ်မယန် မှစာရင်းအသစ်တစ်ခုရှိသည်။  အဲဒါက ရေချိုဆူးခေါင်းငါးတွေအကြောင်းပါ၊ အဲ့ဒါလာစားချင်လားလို့ မေးချင်လို့ပါ”
"!!!?"
~~~~~♡~~~~~♡~~~~~♡~~~~~♡~~
1. Daddy or ဒယ်ဒီ
ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWo Geschichten leben. Entdecke jetzt