"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

ဒါပထမဦးဆုံးအကြိမ် ဂိုဏ်းသားတွေရှေ့မှာ စကားအရှည်ကြီးပြောခြင်း...အရင်တုန်းကဆို Vachirawit ဘဲ ပြောပြီး သူဘဲ စီစဥ်နေကြဖြစ်၏။

"တစ်ခုတော့ ပြောပါရစေ..ဂိုဏ်းချုပ်..."

"ပြောပါ..."

"Plan B ရှိသေးလား...သိချင်လို့ပါ...ပြီးတော့ The Ghost ကို ဖောက်ခွဲပစ်ချင်တယ်..."

ဂိုဏ်းချုပ်က ဒုဂိုဏ်းချုပ်ဖျော်လာတဲ့ ကော်ဖီကို တစ်ငုံသောက်ပြီး ပြုံး၏။Mask မပါတဲ့နေ့မို့ မျက်နှာကြည်ကြည်လေးကို ရှင်းရှင်းလင်းလင်း မြင်ရတာ သူတို့ရဲ့ ကုသိုလ်ထူး..။အပြုံးတွေက အားလုံးကို ငေးခနဲ ဖြစ်သွားစေ၏။

"အဟမ်း..."

ဒုဂိုဏ်းချုပ်ရဲ့ ချောင်းဟန့်သံကြောင့် အကုန်လုံးက ငေးနေရာမှ  မျက်နှာတွေလွှဲသူလွှဲ ဟိုကြည့်ဒီကြည့်လုပ်တဲ့သူက လုပ်ဖြင့်....။

"အဟင်း...Plan B မရှိဘူး...The Ghost ကို ဖောက်ခွဲပစ်ဖို့ထက် ငါတို့ပစ္စည်းတွေ အကောင်းတိုင်းပြန်ရဖို့ ပထမဦးစားပေးဘဲ...မရရင်တော့....ရှူး..ဝုန်း...အုံး..."

ဂိုဏ်းချုပ်ရဲ့ ပေါက်ကွဲတဲ့ ပုံစံ လုပ်ပြတဲ့နောက်မှာ ဂိုဏ်းသားတွေ အကုန်လုံး သဘောကျစွာဖြင့် ခေါင်းတညိတ်ညိတ်...ထိုအချိန်မှာ ဒုဂိုဏ်းချုပ်ရဲ့ မျက်နှာက သုန်မှုန်နေပြီ ဖြစ်၏။သဝန်တိုနေတဲ့ Vachirawit ဘက်လှည့်ကာ မျက်စိတစ်ဖက် မှိတ်ပြရင်း...။

"ကဲ...ခွဲပေးထားတဲ့အတိုင်း စလုပ်ဖို့ စီစဥ်ပါ...အဖွဲ့ခေါင်းဆောင်းတွေ ဘာပြောချင်သေးလဲ..."

"မရှိတော့ဘူး..ဂိုဏ်းချုပ်..."

"တစ်ခုခုဆို လှမ်းမေး..."

အဖွဲ့ခေါင်းဆောင်တွေ ထွက်ခွာသွားတဲ့အချိန်မှာ ဂိုဏ်းချုပ်နှစ်ယောက်၊ Top Tap နဲ့ ဂိုဏ်းသားအနည်းငယ်ဘဲ ကျန်ခဲ့၏။Top Tap ကလည်း ထိန်းချုပ်ခန်းဘဲ ထွက်သွားပြီး လမ်းကြောင်းရှင်းပေးဖို့ လုပ်၏။

"ကဲ... ကားအဆင်သင့်ပြင်ထားလိုက်...ခဏနေရင် ထွက်မယ်..."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

"မင်းက ဘာဖြစ်နေတာ မျက်နှာက..."

"နေရတာ အဆင်ပြေရဲ့လား...မဟုတ်ရင် နားလိုက်ပါလား..ကိုယ့်ဘာသာ သွားလိုက်မယ်..."

Always With You (Completed)Where stories live. Discover now