"အင်း..ဒါ ဘယ်သူ့အခန်းလဲ..."

"ငါ ဒီမှာ ကျောင်းတက်တုန်းက နေခဲ့အိမ်ကို ရောက်နေတာ..."

"သြော်..."

ငယ့် ကြည့်ရတာ မနေ့က ကိစ္စတွေကို အစမဖော်စေချင်တဲ့ ဟန်...။ရေချိုးပြီးစမို့ ရေချိုးဆပ်ပြါနဲ့ သင်းသင်းလေးရတဲ့အပြင် ကြည်စင်နေတဲ့ မျက်နှာလေးက သူ့ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေကို ငြိမ်အေးသွားစေသယောင်။ သူ...မနေ့က စဥ်းစားပြီး သိလိုက်ရတာက သူတို့နှစ်ယောက်ဟာ ချစ်တယ်လို့ ဖွင့်မပြောကြပေမယ့် ချစ်သူတွေပါလို့ ခေါင်းစဥ်မတပ်ကြပေမယ့် တစ်ယောက်စိတ်ထဲ တစ်ယောက်ရှိနေပြီး...တစ်ယောက်ကို တစ်ယောက်လည်း ကာကွယ်ပေးဖို့ ရှိနေခဲ့တာဘဲလေ...။ဟုတ်တယ်...ငယ်ပြောသလို ဒီအတိုင်းဘဲ နေလိုက်ဖို့...ငယ့်ဘက်က လိုလိုလားလား မရှိမချင်း ဒီအတိုင်းလေးဘဲ နေလိုက်ဖို့ သူဆုံးဖြတ်ပြီးသား...ဟိုးအရင်ထဲက ဘာဘဲဖြစ်ဖြစ် ပိုင်ဆိုင်ရမှ သူများထက် သာနေမှ ကျေနပ်တဲ့သူက ငယ့်အတွက် မာနတွေကို လျော့ချထားပေး၏။ ပိုင်ဆိုင်ချင်တဲ့ အတ္တတွေကို အတတ်နိုင်ဆုံး လျော့ထားပေး၏။ငယ်လည်း အဲ့လိုဘဲ ဆိုတာ သူသိ၏။

"ဘယ်လိုလည်း သံပုရာရည်...ကောင်းလား..."

"မဆိုးပါဘူး...မင်း စေတနာတွေ ထည့်ဖျော်ထားလို့ ထင်တယ် နည်းနည်းချဥ်နေတယ်...."

"ငါ စေတနာထားတာ မင်းတစ်ယောက်တည်းနော်..."

"Metawin..."

"ဟင်!!!..."

"တောင်းပန်ပါတယ်...."

"ငါရောဘဲ..."

"ဘာကိုလဲ..."

"မသိဘူးလေ...မင်းကရော ဘာကိုတောင်းပန်နေတာလဲ.."

"ဘာဘဲ ဖြစ်ဖြစ်..."

"အင်း...."

နှစ်ယောက်လုံးရဲ့ တောင်းပန်ချင်တဲ့ စကားရဲ့ အဓိပ္ပါယ်ကို သူတို့ကိုယ်တိုင်ဘဲ သိကြလိမ့်မည်...။

"နိုးရင်ထတော့ ဟိုးနားဒီနားလိုက်ပြပြီးရင် ပြန်မယ်..."

"အင်း..ကိုယ်ထပြီ..."

"အင်း..မြန်မြန်လုပ်..."

ဒီလိုကျတော့လည်း သူတို့နှစ်ယောက်က ညားခါစသူတွေလို...တစ်ခါတစ်လေကျရင် သူ့အိမ်မက်တွေ စွန့်လွှတ်ပြီး ငယ်နဲ့ အတူ အဝေးဆုံးကိုသာ ထွက်သွားချင်တဲ့ စိတ်တွေ ဖြစ်မိ၏။နေ့နေ့ညည ငယ့်ရင်ခွင်ထဲမှာဘဲ နေပြီး ငယ့်မျက်နှာ၊ ငယ့်အပြုံးတွေကိုဘဲ ဖူးမျှော်ချင်မိတဲ့ စိတ်တွေ...ဒါပေမယ့် မဖြစ်နိုင်ဘူးလေ...အခုအခြေအနေက ငယ်နဲ့ သူနဲ့က ဘာ ဆိုပြီးတောင် ခေါင်းစဥ်တပ်လို့ မရတဲ့ အခြေအနေ။

Always With You (Completed)Where stories live. Discover now