ကျွန်းပေါ်တွင် ( Attempting to..)

1.2K 95 17
                                    

Englandနိုင်ငံရဲ့နံနက်4နာရီ32မိနစ် လေဆိပ်သEnglandနိုင်ငံရဲ့နံနက်4နာရီ32မိနစ် လေဆိပ်သို့ဆိုက်တာမှောင်လွန်းသော်လည်း ချမ်းစီးသောခံစားချက်ကခေါင်းထဲပိုရောက်သည် ။ လေဆိပ်ရောက်သည်နှင့်ခရီးသည်အသွားအလာရှင်း၍ အကျယ်အဝန်းပုံမှန်ပေမို့ ဒါကအပြည်ပြည်ဆိုင်ရာလေဆိပ်ဟုတ်ပုံမရ ။ ဘယ်လိုလူမျိုးတွေရဲ့လေယာဉ်တွေသာဆိုက်ရောက်ခွင့်ရှိသည့် အထူးနေရာလဲဆိုတာတော့ မင်းသစ်လဲမသိပေ ။

"" တိုင်းတပါးရောက်ဖူးတာ ဒါနဲ့ဆိုဒုတိယအကြိမ် ၊ အရင်တစ်ခါ ဟာဝိုင်ရီသွားတုန်းကနဲ့တော့မတူ ရုပ်မမြင်အောင်ပုန်းရှောင်ရှောင်လုပ်နေရသည်မို့ ။ ဘာပဲပြောပြောလူထင်ပေါ်အောင်မနေခဲ့တာယခုအခါမှာ မှန်သွားမှန်းသိခဲ့သည် ။ အသိတချို့ရှိပေမဲ့ သူတို့သည် မင်းသစ်စီးရသောလေယာဉ်ပေါ်တွင်မပါ... ဘုရားပဲမသည်လား ။ ""

မင်းသစ်တို့လေယာဉ်ဆိုက်တာနှင့် တန်းပြီးကား4စီးနှင့်လာကြိုသည် ။ အားဆေးသောက်ထားသော်ငြားလည်း လူကပင်ပန်းသော် အိမ်ခြင်စိတ်တစက်မှမရှိ ။ တဘဝလုံးအတွက်အရေးကြီးသည့်နေ့ရက်ဖြစ်သည်မို့လား ။ ကားပေါ်တွင်လဲတောက်လျောက် အကြည့်ကအပြင်၌သာနေရှိသော်လည်း ဘာမှမမြင်ရသလို အေတြးမ်ားကBossကိုဘယ်လိုလက်ထပ်ပွဲမဖြစ်အောင်တားရမလဲထံရောက်၍နေသည် ။

Hotelသို့ဆိုက်ရောက်သည် သို့သော် မဂ်လာပွဲကျင်းပမည့်Hotelမဟုတ် ။ မင်းသစ်တို့Body Guardတည်းဖို့ရာအတွက်Hotel ၊ မနက်7နာရီအပြီးရေချိုးပြင်ဆင်ရမည် ။

ဒါ့ကြောင့် လူကအမြန်ပြင်ဆင်နေသော်လည်း စိတ်နဲ့မကပ် ။ ဒီကလူတွေအကုန်ကိုယ်ပိုင်နံပတ်ပြားရှိသည် မင်းသစ်ကမိုးသားနံပတ်ပြားသာယူခဲ့တာမို့ သေချာတိုက်စစ်ရင်အတုကြီးမှန်းသိသာသည်ကြောင့် အခက်မသင့်ရင် မသက်ာသူလို့တောင်သတ်မှတ်ခံရနိုင်သည်မလား ။ ဒါပေမဲ့ ကံတရားကမျက်နှာသာပေးခဲ့ရင် Bossကိုသတို့သားပြင်ဆင်ပေးမည့်အခါ မင်းသစ်တို့လို တောက်တိုမရတွေကိုခေါ်ခိုင်းနိုင်သည် ။ ထိုသိုဖြစ်ပါစေဟုသာဆုတောင်းသော်လည်း နတ်ဘုရားတွေသည်လူသားတို့ရဲ့တောင်းဆိုသံတိုင်းမကြားနိုင်ပါ ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now